ဒီကနေ့ မင်္ဂလာလက်မှတ်ရေးထိုးတဲ့နေ့မှာ သွားလေသူမိခင်ကြီးကို အနားမှာရှိစေချင်တယ်ဆိုပြီး ဝမ်းနည်းစွာပြောလာတဲ့ ဘုန်းလျှံ

အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်းနဲ့ မင်းသား ဘုန်းလျှံကတော့ မိန်းကလေးတွေအကြိုက် ဆွဲမက်ဖွယ် ရုပ်ရှင်ကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ဘုန်းလျှံက အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပေမယ့် အခုဆိုရင် အရင်အတိုင်း အနုပညာလှုပ်ရှားမှုတွေနဲ့အတူတူ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကိုလည်း လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ဘုန်းလျှံတစ်ယောက် အချိန်အကြာကြီးပျောက်ကွယ်သွားပေမယ့် အရင်ကအတိုင်း မပြောင်းလဲပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။ဒီကနေ့ နိုဝင်ဘာလ (၆) ရက်နေ့ကတော့ ဘုန်းလျှံရဲ့ အသက် (၃၈) နှစ်ပြည့်မွေးနေ့ဖြစ်သလို ချစ်သူနဲ့ မင်္ဂလာလက်မှတ်ထိုး လက်ထပ်တဲ့နေ့ပဲ ဖြစ်ပါတယ်။ ဘုန်းလျှံက သူ့ဘဝရဲ့ အရေးအကြီးဆုံးနေ့မှာ ကျေးဇူးရှင်မိခင်ကြီးကို သတိရနေကြောင်း “Happy birthday to me နိုဝင်ဘာလ(6)ရက်နေ့မှာ.ခက်ခဲစွာမွေးဖွားပေးခဲ့တဲ့.ချစ်လှစွာသော အမေကို ရိုသေလေးစားစွ ာကန်တော့ ပါတယ်အမေ။

ဒီနေ့ဆိုအမေကျွန်တော့ကို မွေးထုတ်ပေးခဲ့တာ.38 နှစ်ပြည့်ပါပြီ။ မွေးနေ့နဲ့မင်္ဂလာလက်မှတ်ထိုးမဲ့နေ့မှာ အမေကိုရှိစေချင်ပါတယ်..ဒါပေမယ့်🙏🙏🙏👍👍👍😍😍” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

ဘုန်းလျှံရဲ့ မိခင်ကြီးကတော့ ဘုန်းလျှံအကျဉ်းကျနေဆဲအချိန်မှာတင် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဘုန်းလျှံကိုယ်တိုင်တောင်မှာ နောက်ဆုံးခရီးကို မမြင်လိုက်ရရှာတာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံရဲ့ မိခင်ကြီးလည်း သားအတွက် ကောင်းရာဘုံဘဝကနေ ပီတိဖြစ်ဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ သရုပ်ဆောင်ဘုန်းလျှံ မေသင်းမောင်တို့ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲကိုရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်တရားရုံးတွင်ယနေ့မနက်(11)နာရီတွင်လက်မှတ်ရေးထိုးခဲ့ကြသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*