
မိသားစုက ကွယ်လွန်သွားပြီလို့ကြောငြာခဲ့ပြီးနောက် အအေးတိုက်အခေါင်းတလားကနေ ကယ်ဆယ်နိုင်ခဲ့တဲ့အမျိုးသားတစ်ဦးဟာ ရက်အနည်းငယ်အကြာမှာဘဲ တကယ်သေဆုံးသွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံ Tamil Naduပြည်နယ် Kandhampattiရွာက နာမကျန်းဖြစ်ကာ အိပ်ယာထဲမှာဘဲလဲလျောင်းနေခဲ့ရတဲ့ အသက် ၇၄နှစ်အရွယ် ပင်စင်စားအမျိုးသား Balasubramanian Kumar ဟာ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ခန္ဓာကိုယ်မလှုပ်ရှားတော့တာကြောင့် မိသားစုဆွေမျိုးတွေက ကွယ်လွန်သွားပြီလို့ကြောငြာကာ ဓလေ့ထုံးစံအရခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ အအေးတိုက်အခေါင်းထဲကို ထည့်ထားခဲ့တာပါ။
လှုပ်ရှားနေတာကိုသတိထားမိပြီး ဝန်ထမ်းတွေအပြင်မထုတ်ပေးချိန်အထိ Mr Kumarဟာ အအေးတိုက်အခေါင်းထဲမှာ၂၀နာရီ အကြာနေခဲ့ရပြီး ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပေမဲ့ သောကြာနေ့မှာတော့ သူဟာသေဆုံးခြင်းကို မရှောင်လွှဲနိုင်ခဲ့ပါဘူး။ဆေးရုံမှူး ဒေါက်တာ Balajinathan က ကယ်ဆယ်လိုက်ပြီးနောက် Mr Kumar ဟာရောဂါကြောင့်ဆက်တိုက်မေ့မျောနေခဲ့ပြီး အဆုတ်နဲ့ဆိုင်တဲ့ပြဿနာတွေကြောင့် သေဆုံးသွားခဲ့ကြောင်း BBC သတင်းကို ပြောထားပါတယ်။ဗီဒီယိုထဲအရ အအေးတိုက်အခေါင်းထဲကMr Kumarဟာ အသက်ပြင်းပြင်းရှုနေပြီးလှုပ်နေခဲ့တာပါ။Mr Kumarရဲ့သတင်းဟာ ချက်ချင်းဘဲ အိန္ဒိယနိုင်ငံရဲ့ခေါင်းကြီးပိုင်းသတင်းဖြစ်သွားခဲ့ပါသေးတယ်။
အခုချိန်မှာတော့ ရဲတွေဟာ Mr Kumar သေဆုံးသွားတာကိုကြောငြာခဲ့ပြီးနောက်သက်ဆိုင်တဲ့ကျန်းမာရေးစစ်ဆေးချက်တွေ မပြုလုပ်ခဲ့တဲ့အတွက် သူ့မိသားစုဝင်တွေကို စစ်ဆေးမေးမြန်းလျက်ရှိနေပါတယ်။Sooramangalam ရဲတပ်ဖွဲ့မှစစ်ဆေးရေးမှူး Rajasekaran က အိန္ဒိယရာဇဝတ်မှု ပုဒ်မ ၂၈၇(လူ့အသက်အတွက်အန္တရာယ်ရှိစေသောအပြုအမူများ)နဲ့ ပုဒ်မ ၃၃၆(အသက်အန္တရာယ်ထိခိုက်စေသောလုပ်ရပ်သို့မဟုတ် တခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာ လုံခြုံမှု)စတဲ့ ပုဒ်မတွေနဲ့ အဆိုပါအမှုအား တရားဆွဲဆိုထားကြောင်း ဆိုထားပါတယ်။Source: Metro
Leave a Reply