ဘူတန်နိုင်ငံမှာကျင်းပတဲ့ ရုပ်ရှင်ဆုပေးပွဲမှာ“ နို့ဘီလူး” ရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ ရွှေမှုံရတီ

ဘူတန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Druk International film festival (DIFF) ဆုချီးမြှင့်ပွဲကြီးမှာ ဒါရိုက်တာ လူမင်းကိုယ်တိုင်ရိုက်ကူးထားတဲ့ ” နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးက ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊

အမျိုးသားဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆု စတဲ့ ထူးချွန်ဆု (၄)ဆုကိုရရှိပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ရွှေမှုရတီကတော့ အမျိုးသမီးဇာတ်ပို့ဆုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။

ဘူတန်နိုင်ငံမှာကျင်းပတဲ့ ရုပ်ရှင်ဆုပေးပွဲမှာ“ နို့ဘီလူး” ရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ ရွှေမှုံရတီ

ပြည်ပနိုင်ငံကနေ ချီးမြှင့်ခဲ့တဲ့ ဆု အတွက် သရုပ်ဆောင် ရွှေမှုံရတီကလည်း ဝမ်းသာဂုဏ်ယူနေတယ်ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါသေးတယ်။ ”

ဒီရုပ်ရှင်ကားကြီးမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ သဲရဲ့ဆရာ Uncle လေး နဲ့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် … သဲအများကြီးကြိုးစားပါဦးမယ် …” လို့ ဆိုပါတယ်။

ဒီဆုဟာ သူ့အတွက် ပြည်ပကနေ ချီးမြှင့်ခြင်းခံရတဲ့ ပထမဆုံး ဆုဆိုရင်လည်း မမှားပါဘူး။

“ နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးဟာ Winner ဆုတွေ ရရှိခဲ့ရုံသာမက ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် GOLDEN DRAGON AWARDS ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာလည်း ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်ကားကြီးအဖြစ် ပါဝင်ခွင့်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ”

2021 တွင် ကျင်းပမည့် GOLDEN DRAGON AWARDS ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်လည်း ဆန်ကာတင် Nominees များအဖြစ် ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါပြီ။

နိုင်ငံစုံ လူမျိုးပေါင်းစုံတို့ရှေ့မှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား အဖြစ် ချပြတင်ဆက်ခွင့်ရခဲ့တဲ့အပြင် ထူးချွန်ဆုများပါ ရရှိခဲ့သောကြောင့် လွန်စွာ ကျေနပ်ပီတိ ဖြစ်ဖွယ် သတင်းကောင်းကိုနို့ဘီလူး ရုပ်ရှင်ဇာတ်ကား အဖွဲ့သားများနှင့် ချစ်စွာသောပရိသတ်ကြီးအား ကျေးဇူးတင်စွာဖြင့် အသိပေးအပ်ပါတယ်”ဆိုတာကိုလည်း ဆက်လက် ရေးသားခဲ့ပါတယ်။

Druk International film festival (DIFF) ဆုပေးပွဲကိုတော့ ၂၀၀၀ ခုနှစ် ဇန်နဝါရီ်က (၁) ရက်နေ့က စပြီး ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့တာပါ။

ဒီဆုချီးမြှင့်ပွဲကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ သဘာဝဆန်တဲ့ ရုပ်ရှင်ဖန်တီးမှု၊ တေးဂီတများ ဖန်တီးမှုနဲ့ ဇာတ်ညွှန်းရေးသားမှုတွေကိုစုစည်းပြီး တစ်နှစ်ကို တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ ဆုပေးပွဲ ဖြစ်ပါတယ်။

နို့ဘီလူးရုပ်ရှင်ကားကြီးကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ လူမင်းကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ဒေါ်မြတ်မွန် နဲ့ ရွှေမှုံရတီ တို့က ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ် မတ်လ အတွင်းက မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*