အာရှတိုက်ရဲ. Wonder Woman လို့ တင်စားခံနေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက မိန်းမလှလေး လူမှုကွန်ယက်မှာရေပန်းစားနေ(ရုပ်သံ)

လူမှုကွန်ရက်ပေါ်မှာ မကြာမီကမှနာမည်ကြီးလာတဲ့ အာရှ Wonder Woman ဟာ ကြည့်ကောင်းရုံသာမကဘဲ လုပ်ကိုင်နေတဲ့အလုပ်နဲ့လည်း သူမဟာစံချိန်စံညွှန်းကိုက်ညီလှပါတယ်။

ရေပန်းစားနေတဲ့ ဗီဒီယိုကိုကြည့်ခြင်းအားဖြင့် မိန်းကလေးဟာ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး အမည်မသိရပေမယ့် တရုတ်ပြည်မှဖြစ်နိုင်ကြောင်း ယူဆထားကြပါတယ်။

မိန်းကလေးဟာ သူမရဲ့ပုံစံနဲ့မှမလိုက် ဆောက်လုပ်ရေးက လေးပင်တဲ့အုတ်ခဲနဲ့ ဘိလပ်မြေတွေကို ကျွမ်းကျင်စွာသယ်ပိုးနေတာတွေ့ရပါတယ်။ ဒါ့အပြင်သူမ ဘိလပ်မြေရောစပ်တာလည်းကျွမ်းသလို၊ ကြွေထည်မြေထည်နဲ့ ကျောက်ပြားကပ်ခြင်းတို့ကိုလည်း အထူးကျွမ်းကျင်ပါတယ်။

အာရှ Wonder Woman လေးဟာ အလုပ်အရမ်းပင်ပန်းလွန်းလို့ ခန္ဓာကိုယ်ရဲ့အချို့အစိတ်ပိုင်းတွေဟာ အတွင်းကြေတောင်ဖြစ်နေပြီလို့သိရပါတယ်။

ဒီဗီဒီယိုကို ဖေ့စ်ဘုတ်ပေါ်တင်ပြီးသိပ်မကြာခင်မှာပဲ ကြည့်ရှုသူအကြိမ်ရေ ၁၀မီလီယံကျော်ပြီး မျှဝေမှုပေါင်းက ၁သောင်းကျော်သွားခဲ့ပါတယ်။ ထိုမိန်းကလေးဟာ ဖခင်ဖြစ်သူဆုံးသွားတည်းက ဒီအလုပ်ကိုရွေးချယ်ခဲ့ရတာလို့ သိရပါတယ်။ သူမအကြောင်းတော့ သေချာတိတိကျကျမသိရပေမယ့် အင်တာနက်သုံးစွဲသူတွေတော်တော်များများကတော့ ဒီမိန်းကလေးရဲ့အလုပ်ကြိုးစားပုံနဲ့ ဆုံးဖြတ်ချက်ကို လေးစားနေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*