မင်္ဂလာပွဲလာအမျိုးသားဧည့်သည်တွေ ကိုယ်ထိလက်ရောက် စော်ကားတာခံခဲ့ရတဲ့ သတို့သမီးအရံလေး

Video ထဲမှာဆိုရင် သတို့သမီးအရံဖြစ်သူ အမျိုးသမီးကို မဖွယ်မရာကိုင်တွယ်နေတာကို တွေ့ရပြီး စနောက်တဲ့သဘောဖြစ်ပေမယ့် ဘေးမှာ အားပေးအားမြှောက်ပြုနေသူတွေကို တွေ့ရပါတယ်။

တရုတ်မှာဆိုရင် သတို့သမီးအရံတွေဟာ ရိုးရာမင်္ဂလာဆောင်တွေမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ တစ်ချို့သောသတို့သမီးအရံတွေဟာ သတို့သမီးကိုယ်စား. ၀ိုင်၊ အရက်သောက်တာတွေပြုလုပ်ပေးရပြီး သတို့သမီးဖြစ်သူရဲ့ မိသားစုငွေကြေးကြွယ်ဝချမ်းသာတာကိုလဲ ကိုယ်စားပြုတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဗီဒီယိုထဲမှာတော့ ဒီလိုပုံမပေါ်ပါဘူး။ မင်္ဂလာပွဲလာ အမျိုးသားဧည့်သည်တွေဟာ သတို့သမီးအရံဖြစ်သူကို မဖွယ်မရာကိုင်တွယ်စနောက်တာလုပ်ခဲ့ပြီး ဘေးမှာနေတဲ့သူတွေကပါ အားပေးအားမြှောက်လုပ်နေတာကို တွေ့ရမှာပါ။ ဒီစိတ်အနှောင့်အယှက်ဖြစ်ဖွယ် ဗီဒီယိုကို အင်တာနက်မှာတင်ခဲ့ပြီးနောက် ကြည့်ရှုသူ 1.7 သန်းကျော်ရှိခဲ့ပြီး အများစုက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*