သူများယောကျာ်းယူတယ်ဆိုပြီး ဆုပန်ထွာအပေါ် ချိုးချိုးဖဲ့ဖဲ့ဝေဖန်သူတွေကို ပြတ်ပြတ်သားသားပြောလာတဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်

သရုပ်ဆောင် ဆုပန်ထွာကတော့ သရုပ်ဆောင်ရော သီချင်းဆိုပါ ကောင်းမွန်သူတစ်ယောက်ဖြစ်တာကြောင့် အနုပညာလောကမှာ တောက်ပသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆုပန်ထွာက အခုဆိုရင် အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ကိုလည်း


မွေးဖွားထားကာ အိမ်ထောင်ရှင် အနုပညာသည်တစ်ယောက်အဖြစ် အိမ်ထောင်မှုတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။ ဆုပန်ထွာကတော့ သူမကို အရမ်းချစ်ပြီး ဂရုတစိုက်ရှိတဲ့ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သားလေးကြောင့် ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လူစိတ်ဝင်စားခံရတဲ့ အနုပညာရှင်တစ်ယောက်ပီပီ အပြစ်မရှိအပြစ်ရှာ တိုက်ခိုက်ခြင်းကို ခံရတဲ့ ဆုပန်ထွာက ဒီကနေ့မှာလည်း သူများယောကျာ်းကိုယူတယ်ဆိုပြီး ချိုးချိုးဖဲ့ဖဲ့ပြောဆိုခြင်းခံခဲ့ရပြန်ပါတယ်။ ဆုပန်ထွာအပေါ် ပြောဆိုမှုနဲ့ ပက်သတ်ပြီး ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က “ဝေဖန်တဲ့လူတွေကိုပြောချင်တာပါ။


သူများလင်ဆို ဒီလိုတရားဝင်ယူလို့မရပါဘူး။ တရားဝင်ကွာရှင်းပြီးလို့ နောက်အိမ်ထောင်ကို America မှာရော မြန်မာပြည်မှာပါတရားဝင် လက်ထပ်ပြီး ထူထောင်ထားတဲ့ နောက်အိမ်ထောင်လို့ခေါ်ပါတယ်။ အသက်တွေကြီးလာလို့လားမသိဘူး…ငပိန်းတွေကို သူတို့ရဲ့ level အဆင့် ကိုဆင်းပြီးရှင်းမပြချင်တော့ဘူး…” ဆိုပြီး တုံ့ပြန်လာပါတယ်။

ဆုပန်ထွာတို့ ဇနီးမောင်နှံကတော့ အမေရိကန်နိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ လူသိရှင်ကြား တရားဝင်လက်ထပ်ထားခဲ့တာဖြစ်ပြီး ဘဝတစ်ခုကို စိတ်တူကိုယ်တူ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*