ဒီကနေ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့တဲ့ စည်ဖြိုး နဲ့ ခင်ရတနာလွှမ်းမိုးတို့ချစ်သူနှစ်ဦး

ဒီကနေ့မှာတော့ ပရိသတ်တွေချစ်ကြတဲ့ မင်းသား စည်ဖြိုးနဲ့ မော်ဒယ် ခင်လွှမ်းတို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို နှစ်ဘက်မိဘတွေရဲ့ ရှေ့မှောက်မှာ ကျင်းပပြုလုပ်နေကြပြီပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ လက်တွဲခဲ့ကြပြီး အားလုံးကလည်း သဘောတူခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့နိုဝင်ဘာလ၊ (၅) ရက်နေ့မှာတော့ သရုပ်ဆောင် စည်ဖြိုး နဲ့ ခင်ရတနာလွှမ်းမိုးတို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိမန္တလေးကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ချစ်ခင်ရတဲ့ ပရိသတ်တွေ အနုပညာရှင်တွေကလဲ စည်ဖြိုးတို့ရဲ့ ပွဲလေးကို တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေးဟာလည်း မကြာခင်မှာ လူ့လောကထဲကို ရောက်ရှိလာတော့မယ် ဖြစ်တာကြောင့်လည်း ကြည်နူးပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကိုတော့

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါအခြေအနေတွေကြောင့် အနုပညာရှင်မောင်နှမတစ်ချို့ကို ဖိတ်ကြားပြီး ရန်ကုန်မြို့ လေးထောင့်ကန်လမ်းမပေါ်မှာ တည်ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ အကျဉ်းရုံး ကျင်းပပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*