ရုပ်ရှင်အစည်းအရုံးရဲ့လုပ်ရပ်တစ်ခုကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဟာသလူရွှင်တော်သရုပ်ဆောင်ဝိုင်းချစ်

ဟာသလူရွှင်တော်ဝိုင်းချစ်တစ်ယောက်ကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး လုပ်ရပ်တစ်ခုကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းကို အသိပေးထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ နှစ်စဉ်နှစ်တိုင်း အနုပညာရှင်တွေရဲ့ သားသမီးတွေတက္ကသိုလ်ဝင်တန်းအောင်ပြီး၊ ဂုဏ်ထူး ထွက်သူတွေကို ဆုချီးမြှင့်လေ့ရှိပါတယ်။

ဒီနှစ်မှာလည်း ယခင်နှစ်တွေနည်းတူ ဆုချီးမြှင့်တဲ့နေရာမှာ ဇီဝဗေဒ ဂုဏ်ထူးတစ်ခုထွက်တဲ့ ဟာသလူရွှင်တော်ဝိုင်းချစ်ရဲ့ သားလေးမပါခဲ့တဲ့အကြောင်းတစ်ခု ဖြစ်ခဲ့တာပါ။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ” စိတ်မကောင်းဖြစ်လို့ တင်ပါရစေဗျာဒီနေ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အနုပညာ ရှင်သားသမီးများထဲက တက္ကသိုလ် ဝင်တန်းအောင်ပြီး ဂုဏ်ထူး ထွက်သူများကို ဆုချီးမြှင့်ပွဲပြုလုပ်တဲ့အထဲမှာ ကျွန်တော် ဝိုင်းချစ်(ဇာတ်ပို့ဇာတ်ရံ)ရဲ့သား မောင်လင်းပြည့်ဖြိုး ဟာ ဇီဝဗေဒဘာသာရပ်နဲ့ ဂုဏ်ထူးထွက်ခဲ့ပေမယ့် ရုပ်ရှင်အစည်းအရုံးရဲ့

ဂုဏ်ပြုခြင်း ကို မခံခဲ့ရပါဘူး။ ကျွန်တော်သိရတဲ့ အချိန်မှာ ဂုဏ်ပြုပွဲပြီးလို့ ညနေ ၅ နာရီမှ သိရပါတယ်။ အဲဒါဘယ်လိုဖြစ်ရ တာလဲ ဗျာ။အရမ်းကိုရင်ထဲမှာ စိတ်မကောင်းဖြစ်ရပါတယ်။ ရုပ်ရှင်အစည်းအရုံးကြီးရယ်” လို့ စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းကို ဟာသလူရွှင်တော်၊ ဇာတ်ပို့သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဝိုင်းချစ်ကဆိုရှယ်မီဒီယာထက်မှာ ရေးသားထားတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*