ကိုဗစ် တခါစစ် တသောင်းနဲ့ နှာခေါင်းတောင် ဖြတ်ထားချင်နေကြတဲ့ ကုန်ကားဆရာတွေ

မြန်မာနိုင်ငံတွင် ဒုတိယတစ်ကျော့ဖြစ်လာသည့် ကိုဗစ်ဒုတိယလှိုင်းကို ထိန်းချုပ်ရန် အစိုးရက နယ်ကျော်သွားလာသည့် ကုန်ကားများကို ထိန်းချုပ်ကန့် သတ်မှုများ ပြုလုပ်ခဲ့ပြီး ကိုဗစ်ပိုးရှိ၊မရှိစစ်ဆေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ပထမပတ်မှ စတင်လုပ်ဆောင်ခဲ့သည်။

ယင်းကဲ့သို့ ကိုဗစ်ပိုးရှိ၊ မရှိစစ်ဆေးရာတွင် ကိုဗစ်ပိုးမတွေ့ရှိမှသာ ထောက်ခံချက်ပေးပြီး ဆက်သွားခွင့်ပြုနေကြောင်း၊ စစ်ဆေးရသည်မှာလည်း ၃ရက်သာ အကျုံးဝင်သည့်အတွက် အခက်အခဲများရှိနေကြောင်း ကုန်ကားသမားအချို့က ဆို သည်။

“ကားတွေက မထွက်ရတာ တော်တော်ကြာခဲ့ပြီ။ ခုပြန်ထွက်ရတော့လည်း ကိုဗစ်ပိုးရှိ၊မရှိစစ်တော တစ်သောင်းပေးရတယ်။ အဲဒီစစ်ဆေးချက်ကလည်း ၇၂ နာရီအတွင်း သက်တမ်းကုန်တယ်။ ခဏခဏ ထပ်စစ်နေရတယ်။ တချို့နေရာတွေက စစ်ဆေးချက်ပါတယ်ဆိုတာတောင် ပေးမသွားဘူး။ အခု ကုန်ကားသမားတွေပြော နေသလို နှာခေါင်းတောင် ဖြတ်ထားချင်တော့တယ်ဗျာ” ဟု ပဲခူးမြို့မှ ကုန်ကားမောင်း သူ စောမင်းနိုင်ကဆိုသည်။

စစ်ဆေးခံမည့် ကုန်တင်ယာဉ်မောင်းများသည် သက်ဆိုင်ရာ ကိုဗစ် စစ်ဆေးရမည့် နေရာများတွင် ပထမဦးစွာ စာရင်းလာပေးရမည်ဖြစ်သည်။ ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးမှုခံယူမည့်သူများအနေဖြင့် ရပ်/ကျေးဥက္ကဌများ၏ ထောက် ခံစာများ၊ မစက ထောက်ခံချက်တို့ ပါရှိရမည်ဖြစ်သည်။

မိမိပြေးဆွဲသည့် ယာဉ်လိုင်းဂိတ်ပိုင်ရှင်များ၊ ကားပိုင်များ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ မှတ်ပုံတင်၊ ဖုန်းနံပါတ်နှင့် ကိုယ်ရေးအချက်အလက်များ၊ ကားဒရိုင်ဘာနှင့် ယာဉ်နောက်လိုက်များ၏ ပတ်(စ်)ပို့ ဓါတ်ပုံ(၂)ပုံကို သက်ဆိုင် ရာ မစက ရုံးများတွင် တစ်ရက်ကြိုတင်ပေးထားရမည် ဖြစ်ကြောင်း သိရသည်။

သို့သော် ယင်းသတ်မှတ်ချက်များသည် တိုင်းဒေသကြီးတစ်ခုနှင့်တစ်ခု မတူညီဘဲ တစ်ခါစစ် ကျပ်ငွေတစ်သောင်း ပေးဆောင်ရခြင်းသာ တူညီကြောင်းသိရ သည်။ လက်ရှိ ကုန်ကားသမားများ ပြဿနာတက်နေသည်မှာ ၇၂ နာရီအတွင်း ဆေးစစ်ချက်တစ်သောင်းယူသည့်ကိစ္စ မဟုတ်ဘဲ အချို့သောနေရာများတွင် စစ်ချက် ပါပြီးပေးမဝင်ခြင်း၊ အိမ်စီးကားများနှင့် ခွဲခြားခြင်းများ ရှိခြင်းတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး ကုန်ကားသမားတစ်ယောက်က “နှာခေါင်းနဲ့ရင်း၍ မောင်းရပါသည်၊ ဆေးစစ်ချက်က ၇၂ နာရီပဲပေးတယ်။ အောင်လံဂိတ်က ည ၁၂ နာရီဆို ပေးမဖြတ်တော့ဘူး။ တကယ်ဆို ကားသမားတွေက ဆေးစစ်ပြီးသားပါ။ ပေးသွားသင့်ပါတယ်။ ၁၂နာရီကျော်နေပြီ။

ကားလေးကျတော့ ဘာမှပြစရာမလိုဘဲ ပေးဖြတ်တယ်။ ပိတ်ရင်အကုန်ပိတ်ပါ။ လက်ခံလို့ရတယ်။ တန်းတူလုပ်ပါ။ ခုအခြေအနေက နှာခေါင်းဖြတ်ထားပြီး နာမည်ရေးကပ်ထားခဲ့ရ မလိုဖြစ်နေပြီ။ နှာခေါင်းလည်းမခံနိင်တော့ဘူး”” ဟု ကုန်ကားသမားတစ်ဦးက သူ၏လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။

လက်ရှိတွင် အကူးအသန်းများသည့် ကုန်ကားသမားများတွင် ကိုဗစ်ကူး စက်မှုများ တွေ့နေရသည့်အတွက် ယင်းကဲ့သို့ ကန့်သတ်ချက်များကို တိုင်းနှင့်ပြည်နယ် အားလုံးတွင် လုပ်ဆောင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန် ထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*