
Myanmar Idol Season (3) ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ပြိုင်ပွဲဝင်နေစဉ်ကာလတလျှောက်လုံး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့ပြီး ယနေ့ထိတိုင် အောင်မြင်မှုတွေရရှိနေဆဲ ဖြစ်ပါတယ်။
ဖြိုးမြတ်အောင်က လက်ရှိမှာ နိုင်ငံကျော် အဆိုတော်တစ်ယောက်အဖြစ် ဂီတလောကမှာ အောင်မြင်မှုတွေ ဆွတ်ခူးထားသလို သူ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ “သင့်အတွက်မနက်ဖြန်” အခွေကိုလည်း
ထုတ်လုပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သင်ဆရာ၊ မြင်ဆရာများအပေါ် ကျေးဇူးမမေ့တဲ့ ဖြိုးမြတ်အောင်က ဒီကနေ့မှာတော့ မြန်မာပြည်သိန်းတန်နဲ့တကွ Myanmar Idol က ဆရာ၊ ဆရာမများကို ဂါရဝပြုကန်တော့ခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။
“ကျွန်တော့်အပေါ် ကျေးဇူးရှိကြသော ကျေးဇူးရှင်ဆရာများကို သီတင်းကျွတ်ဂါရဝပြုကန်တော့ခဲ့ပါတယ်။ တခြားသော ကျွန်တော့်ရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများလည်း ဒီနေရာကနေဂါရဝပြုကန်တော့လိုက်ပါတယ်။ သီတင်း ကျွတ် အခါ သမယလေးမှာ MMID မိခင်တပ်ရင်းမှ အမ မမီးကို သွားရောက် ကန်တော့ပါသည်။
ဆရာ သမား ဖြစ်သောသင်ဆရာ မြင်ဆရာ မြန်မာပြည် ဦးသိန်းတန်နှင့် ဆရာ Okka Oo Tha ၊ တီချယ် Tracy Yinmin Tin သွားရောက် ကန်တော့ ခဲ့ပါသည် ။ အကြောင်းမျိုးမျိုးကြောင့် နယ် မှ လူကြီးမိဘများ ကို လည်း ဒီကနေပဲ ကန်တော့ ပါသည်ခင်ဗျ။ ဆရာသမားများ၊ လူကြီးမိဘများအါးလုံး ကျန်းမာ၊ ချမ်းသာကြပါစေ၊ လိုရာဆန္ဒ များ ပြည့်ဝကြပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။
ဖြိုးမြတ်အောင်ကတော့ သူ့ကို ဂီတလမ်းကြောင်းပေါ်ရောင်အောင် ကူညီဆောင်မပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာသမားများကို သီတင်းကျွတ်မှာ မမေ့မလျော့ ဂါရဝပြုကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ကျေးဇူးရှင်ကို သိတတ်တဲ့
ဖြိုးမြတ်အောင်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Leave a Reply