ကမ္ဘာပျက် ရုပ်ရှင်ကားထဲက ပုံစံအတိုင်း ဖြစ်နေတဲ့ ပြင်သစ် လော့ဒေါင်း မြင်ကွင်းများ

ပြင်သစ်နိုင်ငံတွင် လော့ဒေါင်း အမိန့်စတင် အသက်မဝင်မီ နာရီပိုင်းအလို အောက်တိုဘာလ ၂၉ ရက် ညပိုင်းက ပဲရစ်မြို့မှထွက်ခွာရန် တန်းစီစောင့်ဆိုင်းနေ ကြသော ၄၃၈ မိုင်ရှည်လျားသည့်ယာဉ် တန်းကြီး ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ပဲရစ်မြို့လယ်ရှိ Sébastopol Boulevard လမ်းမကြီးတစ်လျှောက်တွင် ၄၃၈ မိုင်ရှည်လျားသော စံချိန်တင်ယာဉ်တန်းကြီး ဖြစ်ပေါ်ခဲ့ပြီး ယခင်စံချိန်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလက သယ်ယူပို့ဆောင်ရေး သပိတ်ဖြစ်ပွားနေစဉ်အတွင်း ၃၉၁ မိုင် ရှည်လျားသောယာဉ်တန်းကြီးကို မြင် တွေ့ခဲ့ရဖူးသည်။

မြို့ခံတစ်ဦးဖြစ်သည့် Michael E. Webber “ပဲရစ်မှာ ၉ နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ် ပြန်ထားပြီး နောက်တစ်ရက် လော့ဒေါင်း မိမှာစိုးတာကြောင့် အလုအယက်မြို့ပြင် ထွက်ဖို့ကြိုးစားနေကြတာပါ။ ယာဉ်တန်း တစ်လျှောက်မှာ ကားသမားတွေက ဒေါသထွက်ပြီး ဟွန်းတွေတီးနေတာ ဆူညံနေ တာပါပဲ။ လော့ဒေါင်းက ဘယ်လောက် ကြာမယ်မှန်းမသိတဲ့အတွက် စားသောက် ဆိုင်တွေမှာလည်း နောက်ဆုံးတစ်ကြိမ် အပြင်ထွက်စားသူတွေနဲ့ ပြည့်နှက်နေခဲ့ ပါတယ်”ဟု ဆိုခဲ့သည်။

ပြင်သစ်တွင် လော့ဒေါင်း စည်းမျဉ်းသစ်အရ အရေး ကြီးသည့်အလုပ်နှင့်ဆေးကုသရန်အတွက် မှလွဲ၍ အိမ်ပြင်ထွက်ခွင့်မရှိဘဲ စား သောက်ဆိုင်နှင့်အရက်ဘားများ ပိတ်ထား ရမည်ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ကိုဗစ် ကြောင့် သေဆုံးမှုများ မြင့် တက်လာပြီး ဆေးရုံများ၌ဖြစ်ပေါ်များ ဖြစ်ပေါ်လာသည့်အတွက် လော့ဒေါင်း ပြန်လည်ကြေညာခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*