အလုပ်မရှိရင် ပြဿနာထဖြစ်တဲ့ ရွှေမြန်မာတွေ၊ Q စင်တာမှာ ဖြစ်သွားတာပါ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ကွာရန်တင်းဝင်နေသူ နှစ်ဦး ဖဲဝိုင်းမှာ စကားများပြီး ဘလူးတု စပီကာနဲ့ ထုတဲ့အတွက် တစ်ဦးခေါင်းကွဲသွားတယ်လို့ မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီထံ က သိရပါတယ်။

ဘိုကလေးမြို့နယ် ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက “ခေါင်းကွဲသွားတဲ့သူက နိုဝင်ဘာ ၄ ရက်နေ့မှာ ရက်ပြည့်ပြီ စပီကာနဲ့ ထုတဲ့သူကဝင်တာ ၄ ရက်ပဲရှိသေးတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲ က ဒဏ်ရာရတဲ့သူကိုမေးတယ်။ ကျေအေးပါတယ်ဆိုတာနဲ့ အမှုမဖွင့်ဘူး။” လို့ ပြောပါတယ်။

ဘိုကလေးမှာ ကွာရန်တင်းဝင်နေသူ လူဦးရေ ၁၀၀ ရှိပြီး Positive လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကိုတော့ ဘိုကလေးပညာရေးကောလိပ်မှာ ထားရှိတာပါ။

အခုအခါ ဘိုကလေးမြို့နယ်မှာ ကိုဗစ် အတည်ပြုလူနာ ၅ ဦးရှိကာ ဘိုကလေးကုတင် ၁၀၀ ဆေးရုံမှာ ကုသပေးနေတယ်လို့ မြို့နယ်ကျန်းမာရေး အထောက်အကူပြုကော်မတီ ထံက သိရပါတယ်။

အခုလိုဖြစ်ပွားခဲ့တဲ့ ဘိုကလေးမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း ကွာရန်တင်စင်တာမှာ အောက်တိုဘာ ၁၂ရက်နေ့ကလည်း စည်းကမ်းဖောက်ဖျက်ပြီး ကော်မတီ အပေါ် မဟုတ်မမှန်ပြောဆို လိုက်ဖ် လွှင့်ခဲ့သူ နှစ်ဦးကို ဘိုကလေးမြို့နယ် ကိုဗစ် ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အမှုဖွင့်အရေးယူဖို့ ဘိုကလေးမြို့မရဲစခန်းမှာ တိုင်ကြားထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*