မိုင်လေးက ဆုံးသွားတဲ့အကို ပြန်ဝင်စားခဲ့တာပါ ဆိုတဲ့ အဆိုတော် ရတနာမိုင်

ပရိသတ်ကြီးရေ အဆိုတော်မလေး ရတနာမိုင်ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမကတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ရတနာမိုင်က လက်ရှိမှာ တေးသီချင်းအသစ်လေးတွေကိုလည်း ဆက်လက်ဖန်တီးနေပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။

တမူထူးခြားတဲ့ အလှတရားတွေကို ပိုဆိုင်ထားပြီး မိဘကိုသိတတ်လိမ္မာတဲ့ သမီးလေး ဖြစ်တာကြောင့် အနုပညာမောင်နှမတွေကလည်း ချစ်အားပိုနေရတာ ဖြစ်ပါတယ်။ မိုင်ကတော့ ဒီဘဝမှာ အကိုဖြစ်သူဝင်စားတာ ဖြစ်ကြောင်းပြောပြလာပါတယ်။

မိုင်လေးက ““အစ်ကို က မိုင်လေး မမွေးခင်မှာ ဆုံးသွားခဲ့တယ်။ (၁၅) နှစ် အရွယ်တုန်းက အင်ယားကန် မှာ ရေသွားကူးရင်း တက်တတ်တဲ့ ရောဂါကြောင့် ဆုံးသွား ခဲ့တာပါ။ မိုင်လေး က အစ်ကို ဖြစ်သူ ပြန်ဝင်စားတာလို့ ယုံကြည်နေတယ်။

အစ်ကို ဆုံးသွားတဲ့ အချိန် မှတ်ပေးလိုက်တဲ့ အမှတ်ကလေးက မိုင်လေးဆီမှာ ပါလာခဲ့တယ်” လို့ ပြောလာခဲ့ပါတယ်။


ပရိသတ်ကြီးအတွက် မိုင်လေးရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*