မိဘနှစ်ပါး မြုပ်ထားတဲ့ သင်္ချိုင်းမြေပုံကို နေ့တိုင်းသွားပြီး အမေ အဖေနာမည်ကို ခေါ်နေခဲ့တဲ့ ကလေးငယ်လေးဖြစ်ရပ်

မိဘနှစ်ပါး မြုပ်ထားတဲ့ သင်္ချိုင်းမြေပုံကို နေ့တိုင်းသွားပြီး အမေ အဖေနာမည်ကို ခေါ်နေခဲ့တဲ့ ကလေးငယ်လေးဖြစ်ရပ်

လူတိုင်းဟာ တစ်ချိန်ချိန်မှာတော့ ကိုယ်ချစ်ရသူတွေနဲ့ ကြုံဆုံ ၊ ကွဲကွာ ၊ ထားရစ် ခဲ့ရမှာပါ။ ယခု တစ်ခေါက်မှာလည်း 2နှစ်သားအရွယ် မလေးရှားနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ ကားအက်ဆီးဒင့်ကြောင့်

မိဘနှစ်ပါးလုံးကို တစ်ကြိမ်ထဲမှာပဲဆုံးရှုံးသွားခဲ့တာပါ။ မိခင်ကို အတော်လေးလွမ်းဆွတ်နေခဲ့တဲ့ သားငယ်လေးက မိဘနှစ်ပါးလုံးကိုမြုပ်နှံထားတဲ့ သဲမြေပုံလေးအကြား မှာ

သဲမြေတွေနဲ့ဆော့ကစားနေခဲ့တာကို မခံစားနိုင်လို့ ကလေးငယ်ရဲ့အဖြစ်ကို အဒေါ်ဖြစ်သူက Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားပေးခဲတာပါ။အဒေါ်ဖြစ်သူ ရေးသားထားခဲ့တာကတော့ ” ကလေးငယ်က အမေနဲ့စကားပြောချင်တယ်ဆိုလို့

သူ့ရဲ့မိဘနှစ်ပါးကို မြုပ်နှံထားတဲ့ နေရာကိုခေါ်လာပေးခဲ့တာပါ ။ သူ့ရဲ့ အမေကဒီနေရာမှာရှိနေတယ်ဆိုပြီးပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က မေမေ ၊ မေမေ ဆိုပြီးအော်ခေါ်နေခဲ့တာပါ ။ကလေးငယ်က အိမ်ခေါ်ပြန်လို့လည်းမရတော့ပါဘူး ။

အိမ်မှာသဲတွေလုံးဝမဆော့တဲ့ကလေးက ဒီမှာကျသဲမြေတွေနဲ့ဆော့ကစားနေခဲ့တာပါ ။ သူ့မိဘတွေကို အတော်လေးသတိရနေပုံပါပဲ ၊ အိမ်ပြန်ဖို့လည်း ငြင်းနေခဲ့တယ်နောက်တစ်ကြိမ်မှပြန်လာလည်ရအောင် Arfan ဆိုပြီး ပြောခဲ့ရတယ်

ဆိုပြီးတော့ ကလေးငယ်ရဲ့ ရင်နင့်ဖွယ်အဖြစ်ကို ရေးသားထားခဲ့တာပါနော်။သားလေးဟာ အခုချိန်မှာတော့ အဘွားဖြစ်သူနဲ့အတူနေထိုင်လျက်ရှိပြီးတော့ မိဘနှစ်ပါးရှိရာနေရာသို့ အမြဲသွားရောက်လည်ပတ်လေ့ရှိတယ်လို သိရပါတယ်။

ဒါကြောင့် အခုလိုတန်ဖိုးရှိလွန်းလှတဲ့အချိန်လေးမှာ ကိုယ်ချစ်ရသူတွေကို အချိန်ပေးပြီးတော့ တန်ဖိုးရှိတဲ့ အချိန်မျိုးတွေ ၊ အမှတ်တရမျိုးတွေဖန်တီးပြီး အကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းကြဖို့ အကြံပေးချင်ပါတယ်နော်။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*