ချစ်သူက စားဖို့မုန့်ပို့ပေးတာကို ပစ်ထုတ်ပြီး ပိုက်ဆံသာပေးစမ်းပါဆိုပြီး ဒေါသတကြီးတောင်းဆိုခဲ့တဲ့ ကောင်မလေး

ပြီးခဲ့တဲ့လတွေတုန်းက စင်ကာပူနိုင်ငံဟာ Covid-19 ရောဂါအခြေအနေတွေကြောင့် အသွားအလာကန့်သတ်မှုတွေပြုလုပ်ထားရလို့ အချို့သောသူတွေက ကိုယ်ချစ်ရတဲ့သူတွေကို မတွေ့နိုင်လို့ချစ်သူထံ အစားအသောက်တွေပို့ပေးပြီး ကိုယ့်ရဲ့အချစ်တွေ ၊ ဂရုစိုက်မှုတွေကို ဖော်ပြလေ့ရှိကြပါတယ် ။

 

သို့ပေမဲ့လည်း အဆိုပါအစားအသောက်မျိုး ပို့ပေးခံရတာကိုလုံးဝမနှစ်မျို့တဲ့မိန်းကလေးတစ်ယောက်က သူမရဲ့ချစ်သူကိုအတော်လေးဒေါသထွက်ခဲ့ပါတယ် ။ ကောင်မလေးက သူမဟာ ချိုတဲ့အစားအစာတွေကိုမုန်းတဲ့အတွက် အစားအသောက်တွေမပို့ပေးဖို့နဲ့ သူမကိုပိုက်ဆံသာပေးဖို့ ချစ်သူထံစာပြန်ခဲ့ပါတယ် ။

အကြောင်းအရင်းကတော့ သူမထံ ကိတ်မုန့် နဲ့ ဒိန်ချဉ်ဘူးလေးကို Delivery နဲ့ပို့ပေးတာဟာ ပို့ခပေးရတဲ့အပြင် ၊ စားသောက်ပြီးရင်လည်း သူမကသာ ဆေးကြောရတာဖြစ်တဲ့အတွက် မနှစ်သက်ကြောင်း နှင့် Delivery ရှိတာ အချို့သောသူတွေအတွက် အဆင်ပြေပေမဲ့ သူမကတော့ လူတွေလှုပ်ရှားသွားလာမှုတွေမရှိတော့တဲ့အတွက် တဖြေးဖြေးပိုပြီးပျင်းရိလာပြီး ၊ ကျန်းမာရေးတွေအတွက် အထောက်အကူမဖြစ်တဲ့အတွက်ကြောင့်ဖြစ်ကြောင်း အကြောင်းပြချက်မျိုးစုံနဲ့ချစ်သူကို စိတ်ဆိုးခဲ့ပါတယ် ။

ထို့အပြင် သူမဘာအစားအစာမျိုးကြိုက်နှစ်သက်လဲဆိုတာ သေချာမသိဘဲ ပို့လာခဲ့တဲ့အတွက် ချစ်သူကောင်လေးက သူမရဲ့စကားကိုသေချာနားထောင်ခြင်းမရှိလို့ အတော်လေးစိတ်ဆိုးကြောင်းပြောဆိုခဲ့လို့ ချစ်သူကောင်လေးက မုန့်ပို့မိတာသူ့ရဲ့အမှားဖြစ်ကြောင်း တောင်းပန်ခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ကြောင့် လူအချို့က ကောင်မလေးက no-sugar diet လုပ်နေတာဖြစ်နိုင်ကြောင်း နောက်ပြောင်ခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*