ဂုဏ်ပကာသနတွေကို ဘေးချိတ်ထားပြီး ပရဟိတအဖွဲ့သားတွေနဲ့အတူ လမ်းပေါ်မှာ ထမင်းထုပ်ချစားနေတဲ့ G

နိုင်ငံကျော်သီချင်းဆိုပြိုင်ပွဲဖြစ်တဲ့ The Voice Myanmar Season (3) မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် G ကိုတော့ ပရိသတ်ကြီးကို ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်ဘူး ထင်ပါတယ်။

G ကတော့ နိုင်ငံကျော် ရတနာဆိုင်ပိုင်ရှင်ကြီးနဲ့ နိုင်ငံရေးပါတီခေါင်းဆောင် မိဘနှစ်ပါးက ဆင်းသက်ပေါက်ဖွားလာသူတစ်ယောက် ဖြစ်ပေမယ့် သူမရဲ့ ဘဝကို ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ချမ်းသာပေမယ့် ဂုဏ်ပကာသကာကင်းတဲ့ G ကို ချစ်ခင်အားပေးကြလျက်ရှိပါတယ်။

လက်ရှိမှာတော့ G က စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ ဘဝကို နေ့ရောညပါ ပရဟိတအလုပ်တွေအပေါ်မှာ လည်း မြှပ်နှံထားတာ ဖြစ်ပါတယ်။

G ကတော့ သူမဘယ်ကလာတယ် ဘယ်လိုကြီးပြင်းလာတယ်ဆိုတဲ့ ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး ပရဟိတအဖွဲ့သားတွေ နဲ့အတူတူ လမ်းပေါ်မှာ ထမင်းချစားရင်း တစ်သွေးတည်းတစ်သားတည်းရှိနေပုံကို “တကယ်တော့ဘဝက နေတတ်ရင် ပျော်စရာကြီးပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

G ကတော့ The Voice Myanmar Knock Out Week မှာလည်း ဆက်လက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေပြီး ကိုဗစ်တင်တာတွေမှာလည်း သီချင်းဆိုဖျော်ဖြေ စိတ်ဓာတ်ခွန်အားပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း G ကို ဒီထက်မက ပိုချစ်ပြီး အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*