ဆေးရုံမှာ ဆေးကုသမှုခံယူနေရပေမယ့်လည်း အများသူငါ ဗဟုသုတရစေဖို့ တီဗီအစီအစဉ်တွေကို ရိုက်ကူးပေးနေတဲ့ ကျော်သူ

ဆေးရုံမှာ ဆေးကုသမှုခံယူနေရပေမယ့်လည်း အများသူငါ ဗဟုသုတရစေဖို့ တီဗီအစီအစဉ်တွေကို ရိုက်ကူးပေးနေတဲ့ ကျော်သူ

သရုပ်ဆောင် ကျော်သူကတော့ အနုပညာလောကမှာ လူတိုင်းက လေးစားရတဲ့ ဝါရင့်သမ္ဘာရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း အများကောင်းကျိုးကို ငယ်ပိုးဆောင်ရွက်ပေးနေတဲ့

ပရဟိတသမားကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်သူက လက်ရှိမှာတော့ Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့် မြောက်ဥက္ကလာဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။

ကျော်သူကတော့ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေပေမယ့် လူနာတစ်ယောက်လို ထိုင်းမှိုှုင်းနေတာမျိုးမရှိပဲ သွက်သွက်လက်လက်နဲ့ လန်းလန်းဆန်းဆန်းရှိတာကို တွေ့ရပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက

“ကိုဗစ်ဝေဒနာရှင်တို့နှင့်ဆန္ဒမဲ ပေးခြင်း ကဏ္ဍနှင့်ပါတ်သက်၍ ဝေဘာဂီဆေးရုံ၌ ယနေ့ နေ့လည်တွင် Zoom meeting interview အား MRTV ရုပ်သံ မှ ရိုက်ကူး၍ အများပြည်သူတို့အား ပြသမည် ဖြစ်သည်။”

ဆိုပြီး ကျန်းမာရေးအရ ဆေးရုံတက်နေရပေမယ့်လည်း အများသူငါ ဗဟုသုတရစေဖို့ တီဗီအစီအစဉ်တွေကို ရိုက်ကူးပေးနေတာကို အခုလိုပဲ တွေ့ရပါတယ်။

ကျော်သူကတော့ ဆရာဝန်ကြီးများရဲ့ ဆေးကုသမှုခံယူရင်း တစ်နေ့တစ်ခြား သက်သာလာတာ ပရိသတ်ကြီး မျက်မြင်ပါပဲနော်။ ပရိသတ်ကြီးလည်း ကျော်သူတစ်ယောက် အမြန်ဆုံး ဆေးရုံကနေဆင်းဖို့ ဆုတောင်းပေးကြပါဦးနော်။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*