ရည်စားဟောင်းရဲ့ မင်္ဂလာပွဲမှာ ထင်ထားသလိုမဟုတ်ဘဲ အပျော်ကြီးပျော်နေခဲ့တဲ့အမျိုးသား(ရုပ်သံ)

ရည်စားဟောင်းရဲ့ မင်္ဂလာပွဲမှာ ထင်ထားသလိုမဟုတ်ဘဲ အပျော်ကြီးပျော်နေခဲ့တဲ့အမျိုးသား

အောက်ဆုံးတွင် video ပါသည်…

ကိုယ့်ရဲ့ရည်းစားဟောင်း မင်္ဂလာပွဲကိုသွားတဲ့သူတိုင်းကတော့ စိတ်ထဲမှာခံရခက်သလို မချိမဆံ့တော့ခံစားကြရမှာပါ ။ တစ်ချို့ဆိုရင် မင်္ဂလာပွဲကိုဖျက်ဆီးလိုက်တဲ့အထိ ပေါက်ကွဲနာကျင်တတ်ကြတယ်ဆိုပေမဲ့လည်း ဒီတစ်ခေါက်မင်္ဂလာပွဲကတော့ ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး ။ Hanis (@theroutinesya) အမည်နဲ့ Twitter အသုံးပြုနေတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့သူငယ်ချင်းဟာ သူရဲ့ချစ်သူဟောင်းမိန်းကလေးရဲ့ မင်္ဂလာပွဲတက်ရောက်ခဲ့ပုံကို ဝေမျှထားခဲ့ပါတယ် ။ Internet အသုံးပြုသူတွေအကြား အတော်လေးကိုနာမည်ကြီးစေခဲ့တဲ့အချက်ကတော့ ရည်းစားဟောင်းရဲ့သတို့သားနဲ့ အဆိုပါအမျိုးသားတို့ဟာ ချစ်ဖို့ကောင်းတဲ့အမူအရာနဲ့ ငြိမ်ချမ်းရေးယူဖို့ဆုံးဖြတ်ခဲ့တဲ့ပုံစံတွေကြောင့်ပါ ။

” ကျွန်မသူငယ်ချင်းကတော့ သူ့ရည်စားဟောင်းရဲ့မင်္ဂလာပွဲမှာ ဝမ်းနည်းနေခဲ့ပေမဲ့လည်း ၊ သတို့သားက သူ့ကိုတည်တည်ငြိမ်ငြိမ်လေးနဲ့ peace ဆိုပြီး လက်နှစ်ချောင်းထောင်ပြခဲ့ပါတယ် ” ဆိုပြီးရေးသားခဲ့ပါတယ် ။ ထိုချိန်ကျမှ ကောင်လေးဟာ သူ၏ရည်းစားဟောင်းရဲ့သတို့သားကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတော့တယ် ။

အတော်လေးကို နေရထိုင်ရခက်လောက်တဲ့အခြေအနေလို့ထင်ရပေမဲ့လည်း အဆိုပါအမျိုးသားနှစ်ယောက်ကတော့ အဆင်ပြေပြေနှင့် ကျော်ဖြတ်ခဲ့ကြပါတယ် ။ အဆိုပါအခြေအနေမျိုးတွေ့လိုက်ရတော့ အခြားပွဲတက်ရောက်ခဲ့ကြတဲ့သူငယ်ချင်းတွေလည်း စိတ်ကျေနပ်သွားခဲ့ကြပြီးပျော်ရွှင်ခဲ့ရကြောင်း သိရှိရပါတယ် ။

 

Video ထဲမှာဖော်ပြထားခဲ့သလိုပဲ အဆိုပါအမျိုးသားဟာ သူ၏ချစ်သူဟောင်းရဲ့မင်္ဂလာပွဲဆိုပေမဲ့လည်း လုံးဝကိုအပြုံးမပျက်ပဲပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေခဲ့ပြီး မင်္ဂလာဇနီးမောင်နှံကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆုတောင်းကောင်းချီးပေခဲ့ပါသေးတယ် ။Jasmine (Mckzone Daily)

 

Be the first to comment

Leave a Reply

Your email address will not be published.


*