
ကစားကွင်းတစ်ခုလုံး လူသူမရှိပဲ ဒန်းလှုပ်ခါစီးနေတာကို ကိုယ်တိုင် မျက်မြင်ကြုံတွေ့ရပြီး ရိုက်ထားခဲ့တဲ့ အဆိုတော် မေမဒီရဲ့ ကြောက်စရာ ဗီဒီယို
ပရိသတ်ကြီးရေ ဂီတအနုပညာလာကမှာ အချိန်အတိုတွင်း အသံချိုချိုလေးနဲ့
ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်နိုင်ခဲ့သူကတော့ အဆိုတော်မလေး မေမဒီ ပဲဖြစ်ပါတယ်။
မေမဒီဟာ Myanmar idol season – 3 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနုပညာနယ်ပယ်ထဲကို စတင်လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မေမဒီက ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေပြီး သီချင်းသစ်တွေကိုလည်း ဖန်တီးနေတာကို တွေ့ရပါတယ်။
မေမဒီက ကလေးလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် နေတတ်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားကာ လှရက်လွန်းသူလေးပဲဖြစ်ပါတယ်။
ဒါ့အပြင်ပရဟိတလူမှုရေးအကျိုးပြု အလှူဒါန်းမှုတွေမှာ တက်နိုင်သလောက်ပါဝင်လှူဒါန်းပေးတာကိုလည်း တွေ့ရပါတယ်။
ယခုမှာတော့ အချစ်တော်လေး မေမဒီက ပရိသတ်တွေ အံ့သြငေးမောစရာဖြစ်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးကတော့ မေမဒီက သူငယ်ချင်းတွေနဲ့ Workout လုပ်ရင်း ကစားကွင်းထဲမှာ
လူသူမရှိပဲ ဒန်းစီးနေတာကို ကိုယ်တိုင်ကြုံတွေ့ရလို့ ဗီဒီယိုလေး ရိုက်ကူးထားတာ ဖြစ်ပါဖြစ်ပါတယ်။
ဒီဗီဒီယိုလေးတွေနဲ့လည်း မေမဒီက
“ညနေ Workout လုပ်ရင်း ကိုယ်လဲကြောက်ရကောင်းမှန်းသိဘူး
အားကြီးနဲ့ ရိုက်နေတာ
ဘေးမှာလည်း သူငယ်ချင်းပါလို့ပါ မပါရင် တန်းနေအောင်သုတ်မှာဗျ
တစ်ခါရပ်သွားပြီးပြန်လှုတ်လာတာ
သူငယ်ချင်းလဲ မြင်တယ်
ဘယ်သူမှမရှိပါဘူး
ကွင်းထဲရောအနားမှာရော” ဆိုပြီး
သူ့ရဲ့ Comment မှာ ရေးသားဖော်ပြထားပါတယ်။
ကဲ… မေမဒီရဲ့ ဗီဒီယိုလေးကို ကြည့်ရှု့ရင်း ပရိသတ်ကြီးရဲ့ အမြင်လေးတွေကို ပြောခဲ့ပေးပါဦးနော်…..။
Leave a Reply