
ရုပ်ကလေးကချောသလောက် အနေအထိုင်အင်မတန်ညစ်ပတ်တဲ့သူရယ်လို့ အားလုံးကဝိုင်းပြီးဝေဖန်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်မှာ နေထိုင်တဲ့ တွစ်တာအသုံးပြုသူ Alyssa အမည်ရအမျိုးသမီးတစ်ဦးဟာ ညစာစားပွဲမသွားခင် ဂေါင်ဂန်ဝတ်ထားတဲ့ပုံကို မှန်မှာရိုက်ကူးပြီး အင်တာနက်ပေါ်မှာတင်ခဲ့ရာကနေ မှန်ကနေတစ်ဆင့်ပေါ်နေတဲ့ သူမရဲ့အခန်းကြောင့် လူအများအပြားလန့်ဖျပ်ခဲ့ကြပါတယ်။
အခန်းမှာ မိန်းကလေးနေတဲ့အခန်းလို့ပြောရင် မယုံနိုင်လောက်အောင် ရှုပ်ပွနေပြီး အင်တာနက်အသုံးပြုတွေကနေ အမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပါတယ်။ ဒီလိုရှုပ်ပွနေတဲ့အခန်းပုံကို သူမို့တင်ရဲတယ် အစရှိသဖြင့် မှတ်ချက်တွေပေးခဲ့ပြီး အင်တာနက်အသုံးပြုသူတစ်ယောက်ကနေ ကြွက်တောင်ဝင်နေတယ်လို့ ပြောကြားခဲ့ပြီး တကယ်လဲကြွက်တစ်ကောင်ကို တွေ့ရှိခဲ့ရပါတယ်။
ဒာပေမယ့် Alyssa ဟာ သူ့ကိုလူထောင်နဲ့ချီဝေဖန်နေတာကို မမှုဘဲ ဒီအချိန်ဟာ သူ့ရဲ့အလှဆုံး ဓာတ်ပုံတွေတင်လို့အကောင်းဆုံးအချိန်လို့ ပြောကြားခဲ့ပြီး လူအမျကအာရုံစိုက်နေတုန်း သူမရဲ့လှပတဲ့ဓာတ်ပုံအချို့ကိုလဲ တင်ခဲ့ပါသေးတယ်။
Leave a Reply