ရှေ့သွားနောက်လိုက်ညီစွာနဲ့ လမ်းမ ပေါ်ထွက်ပြီး စားစရာတွေကို လိုက်လံ ဝေငှပေးနေတဲ့အောင်ခိုင်နဲ့ဝါဝါအောင် တို့ဇနီးမောင်နှံ

သရုပ်ဆောင် အောင်ခိုင်နဲ့ဝါဝါအောင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အနု ပညာ လောကမှာ ဝါရင့်သရုပ်ဆောင်တွေအဖြစ် ရပ်တည်နေကြတာဖြစ်ပါတယ်။အောင်ခိုင်နဲ့ ဝါ ဝါ အောင်တို့ကတော့ အေးအတူပူအမျှနဲ့ ဘဝခရီးလေးကို အတူတူလျှောက်လှမ်းနေကြပြီး

တစ် ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတာပါနော်။လက်ရှိအချိန်ထိလည်း အောင်ခိုင်တို့ ဇနီး မော င်နှံနှစ်ယောက်လုံးက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ် ဆောင်နေကြ ဆဲဖြစ်ပါ တယ်။

အောင်ခိုင်နဲ့ဝါဝါအောင်တို့ဇနီးမောင်နှံနှစ်ယောက်လုံးက ပရဟိတစိတ်ဓာတ်လည်းအပြည့် ရှိ ကြလို့အကူအညီလိုအပ်တဲ့သူတွေကို တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။

အခု လို ကိုဗစ်ကာလမှာ လူတစ်ချို့က ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အောင်ခိုင်နဲ့ဝါဝါအောင်တို့ စားစရာနဲ့ရေဘူးတို့ကို လိုက်လံဝေငှခဲ့တာဖြစ်ပါတယ်။အခုလိုမျိုလေး တစ်နိုင်တစ်ပိုင်လှူဒါန်း ကြတဲ့ မြင်ကွင်းလေးကလည်း ပီတိဖြစ်စရာကောင်းလှပါတယ်နော်။

ဝါဝါအောင်ကတော့”ဒီနေ့လုပ်ဖြစ်တဲ့အလှူလေးပါ။ပါဝင်လှူဒါန်းပေးကြတဲ့အလှူရှင်များကတော့ ထားဝယ်ရေလုပ်ငန်းလုပ်ငန်းရှင်များ ဦးသောင်းထွန်း ဦးရင်ထွေး ကျော်စိုးဦး အာကာ၊ သရုပ်ဆောင်ကျော်ထက်ဇော် (Mrtv4)၊သရုပ်ဆောင်ဘုန်းရှိန်ခန့်(Mrtv4)၊ကိုနေမျိုးသောင်း+ မဇာဇာမိုး(seven eleven)မိသားစုမှ

ဆန် ၂အိတ်၊ကိုဖြိုးသန့်ခိုင်+မပြည့်ပြည့်ဖြိုးမိသားစုမှ ဆန် ၁အိတ်၊ကိုပြည့်ဖြိုးအောင်+မမြတ်မြတ်မိုးမိသားစုမှရေသန့် ၁၀ကဒ်လှူဒါန်းပါတယ်။ပါဝင်လှူဒါ န်းပေး ကြတဲ့သူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်”ဆိုပြီး ပါဝင်လှူဒါန်းကြတဲ့အ လှူရှင်စာရင်းကိုလည်း ဖော်ပြထားတာဖြစ်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*