အိုမင်းတဲ့မိဘတွေအပေါ်မှာ သားသမီးတွေ ထားရှိသင့်တဲ့ စိတ်သဘောထားများ

အိုမင်းတဲ့မိဘတွေအပေါ်မှာ သားသမီးတွေ ထားရှိသင့်တဲ့ စိတ်သဘောထားများ

(၁) သင်ဘယ်လောက်အထိ အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်နေပါစေ သင်ဟာ သူတို့ရဲ့ ကလေးငယ်လေးသာ ဖြစ်ပါတယ်။
(၂) ပြုစုလုပ်ကျွေးခြင်းဖြင့် ကျေးဇူးဆပ်ပါ။
(၃) မကြာခဏခဏ နီးနီးကပ်ကပ် နေပါ။
(၄) သူတို့တစ်တွေလည်း လွတ်လပ်ချင်ကြသူတွေဖြစ်လို့ သည်းခံနားလည်ဖို့ လိုပါတယ်။
(၅) သင့်မိဘတွေရဲ့ သားသမီးဖြစ်ခဲ့ရတာကို အပြည့်အ၀ ဂုဏ်ယူပါ။

(၆) အောင်မြင်ပေါက်မြောက်မှုတိုင်း၊ ငွေကြေးလာဘ်လာဘရတဲ့အခါတိုင်း အတူတကွ ပျော်ရွှင်စွာ အောင်ပွဲခံပါ။
(၇) လိုအပ်ချက်တွေရှိရင်လည်း ဖြည့်ဆည်းပေးပါ/ မိမိလိုအင်ဆန္ဒတွေကို ဖုန်းကွယ်ထားပါ။
(၈) အမြဲတမ်း နွဲ့ဆိုး ဆိုးရတော့မယ့်အချိန် မဟုတ်တော့ပါဘူး။
(၉) ချစ်သောမြေးတို့နဲ့ သူတို့တစ်တွေ ပျော်ရွှင်ပါစေ။
(၁၀) အမှားတို့ရှိရင် ဝန်ချ/ကန်တော့ တောင်းပန်ပါ။

(၁၁) မိဘနဲ့ပတ်သက်တဲ့အခါ ဖြစ်သင့်တာကို ဦးစားမပေးဘဲ သူတို့ဖြစ်ချင်တာကို ဦးစားပေးလိုက်ပါ။
(၁၂) မကျန်းမာတဲ့အခါ မျက်နှာမလွှဲပါနဲ့။
(၁၃) စိတ်ဆိုးဒေါသထွက်ခဲ့မိရင်တောင် ဘယ်တော့မှ ပါးစပ်က မပြောမိပါစေနဲ့။
(၁၄) အိုခြင်းဒုက္ခတွေအတွက် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ။
(၁၅) သူတို့တစ်တွေ ယုံကြည်မှု မပျောက်ဆုံးပါစေနဲ့။

(၁၆) ဘဏ္ဍာရေးအရ ပြည့်စုံနေပါစေ။ (လှူချင်တာ/စားချင်တာ/လုပ်ချင်တာတွေအတွက်)
(၁၇) ရင်းရင်းနီးနီး နာယူပါ/နားထောင်ပါ။
(၁၈) ပျော်ရွှင်ဖွယ်ခရီးစဉ်တွေ ဖန်တီးပေးပါ။
(၁၉) အပြင်မှာ တကူးတက သွားပြီး စားသောက်တာမျိုးတွေ လုပ်ပေးပါ။
(၂၀) လက်ဆောင်မကြာခဏ ပေးပါ။

(၂၁) စိတ်အေးလက်အေး နေပါစေ။
(၂၂) စိတ်နှလုံးချမ်းမြေ့ဖို့အတွက် တာဝန်ယူလိုက်ပါ။
(၂၃) ကျေးဇူးတရားကို အောင့်မေ့ဝမ်းသာပါ
(၂၄) သားလိမ္မာ/သမီးလိမ္မာဖြစ်ရတာကို အခြားအရာတွေထက် ဂုဏ်ယူပါ။
(၂၅) မိဘတွေအတွက် နောင်တကို မခံစားရပါစေနဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*