သူငယ်ချင်း(၃)ယောက်ကို ကားနဲ့တိုက်ပြီးထွက်ပြေးသွားတဲ့ တရားခံကိုရှာဖွေနေတဲ့ မေမဒီ

မြန်မာအိုင်ဒေသူငယ်ါလ် Season-3 မှာ ယှဉ်ပြိုင်ခဲ့တဲ့ မေမဒီကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ အဆိုတော်တစ်ယောက်ပါ။ သူမရဲ့နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှု

မှန်သမျှတွေကို မျှဝေပေးလေ့ရှိတဲ့မေမဒီက လတ်တလောမှာတော့ ဝမ်းနည်းဖွယ်သတင်းတစ်ခုကို မျှဝေပေးလာခဲ့ပါတယ်။ Light track 8K 2160 အဖြူရောင်ကားတစ်စီးဟာ ည ၉:၀၀ လောက်က သူမရဲ့သူငယ်ချင်း

၃ယောက်ကို တိုက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ တစ်ယောက်ကတော့ စိတ်မကောင်းစွာနဲ့ ပွဲချင်းပြီးကွယ်လွန်သွားခဲ့ပြီ နောက်တစ်ယောက်က ဆေးရုံမှာလို့သိရပါတယ်။ အဆိုပါ Light Track ကိုတွေ့ရင် သက်ဆိုင်ရာကို

အကြောင်းကြားပေးကြဖို့အတွက် မေမဒီက ပရိသတ်တွေကို အကူညီတောင်းခံခဲ့တာပဲဖြစ်ပါတယ်။ ကားတိုက်မှုဖြစ်ခဲ့တဲ့ နေရာကတော့ မြောက်ဒဂုံ မန္တလေးလမ်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီကားနံပါတ်နဲ့ကားကို

တွေ့ရှိခဲ့ရင် ပရိသတ်ကြီးကလည်း သက်ဆိုင်ရာကို အကြောင်းကြားပြီး ကူညီပေးလိုက်ကြပါဦးနော်။ ဆေးရုံရောက်နေတဲ့ သူငယ်ချင်းလည်း အမြန်ဆုံးကျန်းမာလာဖို့ ဆန္ဒပြုပေးလိုက်ပါတယ်နော်။ ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*