
ခိုးစရာ ရှားလို့ အစိုးရရုံးဘေးနားက မြောင်းဖုံးကိုပါ ခိုးသွားတာတဲ့ (ဒီလိုတွေတောင် ဖြစ်နေပြီလား)
တော်တော်လေး တုန်လှုပ်သွားတဲ့ ဒီမနက်ကန်သုံးဆင့် ကန်ပတ်လမ်းမှာ ပေါင်းမြက်ခြုံနွယ်တွေ ရှင်းလင်းနေတဲ့ အဖွဲ့တွေဆီကို သွားဖို့ မနက် ၈ နာရီ ၅၀ မိနစ်မှာ ရုံးကအထွက် နာရီစင် အဝိုင်းပတ်ဘေး အစိုးရအဖွဲ့ရုံး ဘေးကပ်လျက် ပလက်ဖောင်းက Man hoe သံဖုံးကို လူနှစ်ယောက်ကမပြီးဆိုက်ကားပေါ်တင် ခိုးယူနေတာ တွေ့လို့ ကိုယ်တိုင် တားမြစ်ဖမ်းဆီးပြီး ရဲလက်အပ် လိုက်ပါတယ်။
၃၀ ရက်နေ့ကလည်း ၂၆ ခု ပျောက်ဆုံးလို့တိုင်ကြားခဲ့ပါတယ်။ တန်ဘိုး ၁၃ သိန်းကျော်ပါ။ တုန်လှုပ်သွားတာက မနက်၉နာရီ မထိုးသေးဘူး အစိုးရအဖွဲ့ရုံးဘေးက ပစ္စည်းကို ခိုးယူတာကိုပါ။
(၃၀ရက်နေ့က ပျောက်ဆုံးခဲ့တာလည်း အမြန်ဖော်ထုတ် နိုင်ပါစေ)
Kyaw Kyaw (Pathein) 2-11-2020
Leave a Reply