လူတွေရဲ့ အသိစိတ်ဓာတ်မရှိတဲ့ လုပ်ရပ်တွေကြောင့် ဒုက္ခတွေ့နေရတဲ့ တိရစ္ဆာန်လေးတွေ


ယခုလို Covid – 19 ကူးစက်ရောဂါတွေကြောင့် လူအတော်အများဟာ နေအိမ်မှာသာ အချိန်အတော်အများ ကုန်ဆုံးနေကြရပါတယ် ။ တစ်ခါတစ်လေ အိမ်အပြင်ဖက်ထွက်ရင် နှာခေါင်းစည် mask ကို ရောဂါကာကွယ်ဖို့အတွက် အမြဲတပ်သွားပါတယ် ။ ကိုယ်တွေ အန္တရာယ်ကင်းဖို့သာ ဦးစားပေးနေကြပြီး ပတ်ဝန်းကျင်ကို လစ်လျူရှုကြတဲ့ လူတစ်ချို့ရဲ့လုပ်ရပ်တွေကြောင့်

တိရစ္ဆာန်အတော်များများဟာ ဒုက္ခရောက်ခဲ့ကြပါတယ် ။ mask ကို တွေ့ကရာနေရာမှာ စွန့်ပစ်နေကြတဲ့လူတွေကြောင့် ၊ တိရစ္ဆာန်တွေက mask ကို စားလို့ရတဲ့အစာ အထင်နဲ့ ကိုက်ဖျက်နေကြလို့်ပါ ။ ရောဂါပိုးရှိ ၊ မရှိ မသိရှိနိုင်တဲ့ အဆိုပါစွန့်ပစ်ထားတဲ့ mask ကနေလည်း တိရစ္ဆာန်လေးတွေ ရောဂါကူးစက်နိုင်တာကြောင့် တာဝန်အသိစိတ်ဓာတ်လေးတွေနဲ့ mask ကို စနစ်တကျစွန့်ပစ်ကြဖို့ သတိပေးပြောဆိုလိုက်ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*