ဖခင်ရဲ့ မတော်တရော်ပြုလုပ်မှုကို ခံရပြီး ကြီးပြင်းလာခဲ့တဲ့ မိန်း ကလေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဖွင့်ဟဝန်ခံချက်….!v

ဘာမှမရေးခင် ကြိုပြောပြပါ့မယ်။ ကျွန်မ မိန်း ကလေးတစ်ယောက် ကျွန်မချစ်သူကလဲ မိန်း ကလေးတစ်ယောက်ပါ။

သူများတွေအတွက် အဖေဆိုတာ သူရဲကောင်းဖြစ်ချင်ဖြစ်လိမ့်မယ်။ ကျွန်မအတွက်ကတော့လုံးဝမမှန်ဘူး။ ၉ နှစ် ၁၀ နှစ် အရွယ်လေး နင်းခိုင်းတာ သူ့ပေါင်ခွကြားနားအထိ။ အဲ့တုန်းကဘာမှ နားမလည်ဘူး နင်းပေးဆို နင်းပေးလိုက်တာပဲ ။ စိတ်ထဲမှာ ကလေးပီပီ ကုသိုလ်ရတယ်ဆိုပြီးပျော်လို့။ အပျိုဖော်ဝင်ကာစအရွယ်အိမ်ကအုတ်ရေကန်မှာရေချိုးတော့ သူကဝင်ချိုးတယ်။ ပြောလာတယ် နင် ခွကြားတွေဘာတွေ နှိုက်မဆေးဘူးလားတဲ့လေ ။

၁၂ ၁၃ အရွယ်လေးဆိုတော့ ကိုယ်ကတော့ကလေးပဲ ဘာမှနားမလည်ဘူး အဖေပဲဆိုပြီး ရှက်စိတ်တောင်မရှိဘူး၊။ နောက်ပိုဆိုးလာတယ် ညီမဝမ်းကွဲတွေနနဲ့အိပ်တဲ့ မိန်းကလေးတွေချည်းနေတဲ့အခန်းထဲ ဘာလိုညာလိုနဲ့ဝင်ဝင်အိပ်တယ် ။ ကုန်ကုန်ပြောပါမယ် လမ်းလျောက်ရင် ကျွန်မ နောက်ပိုင်းတွေကို သိသိသာသာ လိုက်ကြည့်တယ်။ ရေချိုးရင် အနီးအနားမှာ မယောင်မလည်လုပ်တယ်။ ကျွန်မစိတ်ထဲ တစ်နေ့ထက်တစ်နေ့ မသိုးမသန့်တွေဖြစ်လာတာ၊ ကိုယ်မွေးထားတဲ့ သမီးကို ဘယ်သူကအဲ့လိုစိတ်ထားမှာလဲ ငါကိုက ရူးနေတာဆိုပြီး ကိုယ့်စိတ်ကိုဖြေခဲ့တာ။ မှတ်မိပါသေးတယ် ပန်းခြံထဲမှာ အမေလဲပါတယ် ဖျာခင်းထမင်းစားရင်းနဲ့ ဟင်းလှမ်းယူသလိုလိုနဲ့ ကျွန်မပေါင်ပေါ်လက်ဝါးတစ်ဖက်လာတင်တယ်။ အမေသတိထားမိလား သတိမထားမိလား ကျွန်မမသိဘူး။ အိမ်မှာ အမေမရှိရင် ကျွန်မနေရတာ ဘယ်လိုမှ နောက်ကျောမလုံဘူး။ အခန်းထဲ ဘယ်အချိန်ဝင်လာမလဲ၊ ငါ့ကို ဘယ်လိုပုံနဲ့အသားယူဦးမလဲ တွေးပြီး စိုးရိမ်ခဲ့ရတာ အချိန်တိုင်းပဲ။ ဒါပေမယ့် ကျွန်မဘယ်သူ့ကိုမှ ဖွင့်မပြောရဲခဲ့ဘူး။ ပြောလဲ ကျွန်မကို ရူးနေတာလို့ပဲပြောကြမှာလေ။အိမ်မှာနေရတာ ဘယ်လိုမှ စိတ်မလုံခဲ့ဘူး။ လုံခြုံမှု နွေးထွေးမှုတွေလဲ ဘာတစ်ခုမှမရခဲ့ဘူး။ ဆယ်ကျော်သက်ဘဝတွေက လုံးဝ ငရဲပဲ။

သူဘယ်အချိန် ဘယ်လိုပုံစံနဲ့ အခွင့်အရေးယူဦးမလဲလို့တွေးပြီး ကျီးလန့်စာ စားနေခဲ့ရတာ။ ကျွန်မစိတ်ထဲမှာ လောကမှာရှိတဲ့ အဖေတွေအကုန်လုံးက သမီးတွေအပေါ်ဒါမျိုးချည်းပဲလားလို့အတွေးတောင်ဝင်ခဲ့တာ။ အားငယ်စိတ်တွေ အားကိုးရာမဲ့ တွယ်ရာမဲ့စိတ်တွေ အချိန်တိုင်းဖြစ်ခဲ့တာ။ ကျွန်မအဖေကို စကားမပြောတာ ၂၀ ကျော်အရွယ်ကတည်းက။ ဒါပေမယ့် စိတ်ထဲက ဒဏ်ရာတွေက လုံးဝမပျောက်တော့ဘူး။ လူတွေနဲ့စကားပြောတိုင်း တစ်ဆင့်နိမ့်နေတဲ့လူလိုခံစားရပြီးစကားပြောနည်းပြီးပတ်ဝန်းကျင်နဲ့ကင်းကွာသလိုတောင်ဖြစ်ခဲ့တာ။
ယောကျ်ားယူ ကလေးမွေးရင် ငါမွေးတဲ့ငါ့သမီးလေးကိုလဲ ငါ့ယောကျ်ား သူ့အဖေက ကြံစည်ဦးမှာပဲဆိုတဲ့ စိတ္တဇဖြစ်သွားတာ အခုထိ။ ယောကျ်ားတွေဆိုရင် လုံးဝ အထိမခံချင် အသံတောင်မကြားချင်တော့ပဲ လာသမျှ ယောကျ်ားတွေ ပစ်ပစ်ခါခါ ပြောဆိုပစ်ခဲ့တာ။ ဘယ်ယောကျ်ားကိုမှ မယုံနိုင်တာ အခုအသက် ၂၅ ကျော်တဲ့အထိကိုပဲ။ ကျွန်မ မိန်းကလေးချင်းချစ်မိတာ နဂို စိတ်အခံကြောင့်လဲဖြစ်ချင်ဖြစ်မယ် ၊ ငယ်ငယ်တုန်းကအဖေလုပ်သူရဲ့sexualharrassement ကြောင့် ယောကျ်ားတွေကိုရွံသွားတာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်မလို victims တွေအများကြီးပဲဆိုတာရယ်၊ ယဉ်ကျေးမှု ဘာသာတရားတွေရဲ့အကာကွယ်ယူပြီးဖခင်မဖြစ်ထိုက်တဲ့paedophile တွေအများကြီး မြန်မာနိုင်ငံမှာရှိနေတယ်ဆိုတာတွေပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*