ရှားပါးရောဂါကြောင့် အမြင်အာရုံဆုံးရှုံးသွားတဲ့ချစ်သူဘေးမှာ တစ်သက်လုံးနေဖို့ရွေးချယ်ခဲ့တဲ့ အမျိုးသမီး

လက်ထပ်တဲ့အခါ စုံတွဲတွေဟာ တစ်သက်လုံးအိုအောင်မင်းအောင် ပေါင်းသင်းပါ့မယ်… ဆင်းရဲချမ်းသာ၊ ကျန်းမာသည်ဖြစ်စေ…မကျန်းမာသည်ဖြစ်စေ အတူတူရင်ဆိုင်ကြမယ်ဆိုပြီး ကတိတွေ သစ္စာတွေပေးခဲ့ကြပေမယ့် တစ်ချို့စိတ်သဘောထားချင်းမတိုက်ဆိုင်တဲ့ လင်မယားတွေ..အမျိုးမျိုးသောအကြောင်းပြချက်တွေကြောင့် ကွာရှင်း ပြတ်စဲနေကြတာပါပဲ။ စုံတွဲအများစုက သူတို့သက်တမ်းကို ပိုပြီးခိုင်မာအောင်လုပ်ဆောင်ဖို့ လက်လျော့လာကြတယ်။ ဒီ မလေးရှားစုံတွဲဆို တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ပါတယ်။

အသက်(၃ဝ) Hamdan Hashimand နဲ့ (၁၉)နှစ် Nurr Hidayah တို့ အိမ်ထောင်သက်တမ်းက ၃နှစ်ရှိပြီး အရာအားလုံးကသူတို့နှစ်ယောက်အတွက် သာယာနေစမြဲပါပဲ။ Hamdan စပြီး အထည်ချုပ်စက်ရုံမှာ အလုပ်စလုပ်တည်းက ကျန်းမာရေးအခြေအနေသိပ်မကောင်းတော့ပါဘူး။ မျက်လုံးအာရုံတွေ ဝေဝါးခဲ့တယ်။ ဒေါက်တာက သူ့ကို မျက်လုံးသက်သာဖို့အတွက်သာ ဆေးပေးခဲ့ပါတယ်။

ထိုဆေးတွေနဲ့ မသက်သာတဲ့အပြင် သူ့ရဲ့မျက်လုံးတွေ မို့အစ်ဖောင်းမို့လာပါတယ်။ Hidayahက သူ့ကို Melaka ဆေးရုံကိုခေါ်သွားတော့ ရေကျောက်လက္ခဏာတွေ့ရှိခဲ့တယ်။ မျက်လုံးယောင်တာနဲ့အခြားနာကျင်မှုတွေ သက်သာစေဖို့အတွက် ဒေါက်တာက ဆေးပေးခဲ့ပေမယ့် သူ့အခြေအနေကပိုဆိုးလာတာကိုတွေ့ရပါတယ်။ သူ့အရေပြားမှာ အဖုအနာတွေထွက်လာပြီး သွေးတွေပါထွက်လာတာတွေ့ရပါတယ်။

သူ အရေးပေါ်ခန်းမှာ တစ်လလောက်နေခဲ့ပါတယ်။ သူ့ကိုဒီလိုအခြေအနေမျိုးနဲ့မြင်ရတာ အရမ်းဝမ်းနည်းပေမယ့် သူ့ရဲ့မိန်းမအနေနဲ့ စိတ်ဓာတ်ခိုင်မာမှ ဖြစ်မယ်လို့ Hadiyahက ပြောခဲ့ပါတယ်။ နောက်တော့ သူ့မှာရှားပါးရောဂါတစ်မျိုးဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့အရေပြားရောဂါကိုခံစားနေရတာဖြစ်ပါတယ်။

သူ့အတွက် နေချိန်ဟာ သိပ်မရှိဘူးလို့ သိလိုက်ရချိန်မှာ Hadiyahက နောက်ဆုံးအချိန်ထိ အကောင်းဆုံးနေပေးသွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အားလုံးကတော့ ဒီလိုယောကျ်ားကိုထားခဲ့မှာပဲလို့ ထင်နေပေမယ့် သူမကတော့ သစ္စာရှိရှိနဲ့ နောက်ဆုံးချိန်ထိ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*