အလှူငွေတွေအလိမ်ခံထားရတာတောင် စင်ပေါ်မှာအပြုံးမပျက်ဖျော်ဖြေခဲ့တဲ့ ငြိမ်းချမ်း

သီဆိုတဲ့သီချင်းတိုင်းကို ကိုယ်တိုင်ဖန်တီးရေးသားသူကတော့ အဆိုတော် အောင်လပဲ ဖြစ်ပါတယ် သူဟာ Reason Band ကိုတည်ထောင်ထားကာ တေးစီးရီးတွေများစွာလည်း ထွက်ရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူ့ရဲ့ သီချင်းတိုင်းကို အမြဲအားပေးနားဆင်နေကြတာလည်း ဖြစ်ပါတယ် အောင်လဟာ ချစ်သူ ဝိုင်းစုခိုင်သိန်းနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ချစ်သူသီဆိုတဲ့ ပွဲတွေတိုင်းကိုလည်း နောက်ကနေ အမြဲလိုက်လေ့ရှိရာ မနေ့ညကလည်း လူရွှင်တော် ငြိမ်းချမ်းနဲ့တွေ့ဆုံခဲ့တဲ့ အကြောင်းလေးကို အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။

အဲဒါကတော့ အလှူငွေတွေအလိမ်ခံလိုက်ရလို့ဝမ်းနည်းနေသော်လည်းစင်ပေါ်ရောက်တာနဲ့ပရိသတ်တွေကိုရယ်မောအောင်တင်ဆက်နိုင်တဲ့ဦးငြိမ်းချမ်းကို ချီးကျုးစကားဆိုထားတာပဲ ဖြစ်ပါတယ်။

သူကလည်း ” တွေ့ပြန်ပြီ ဦးငြိမ်းချမ်းကြီးနဲ့ ကိုဒိန်းဒေါင်နဲ့တောင် မရိုက်ခဲ့လိုက်ရဘူး သူ့အလှူငွေတွေ အလိမ်ခံရလို့တဲ့ အပြင်မှာဘယ်လောက် စိတ် ညစ်ညစ် စင်ပေါ်ရောက်ရင် အားလုံးမေ့ပြီး ။

ပျက်လုံးတွေ လက်တန်းပြောတာ မျက်ရည်ပါထွက်တယ် respect..” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*