ကိုဗစ်ရောဂါနဲ့ Q ဝင်နေရတဲ့ အဘိုးဖြစ်သူ ကွယ်လွန်သွားကြောင်းပြောပြလာတဲ့ မြတ်နိုးအေး

သူစိမ်းအိမ်ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေ သိခဲ့တဲ့ သရုပ်ဆောင် မြတ်နိုးအေးတို့မိသားစုဟာ ကိုဗစ် ကြောင့် Quarantine ဝင်နေကြရတယ်လို့သိရပါတယ် ။ အိမ်မှာ အဘိုးဖြစ်သူ နေမကောင်းလို့ဆေးရုံတင်ရာကနေစပြီး Positive အဖြေထွက်လို့ တစ်မိသားစုလုံး Quarantine ဝင်ခဲ့ရတာပဲဖြစ်ပါတယ် ။

အိမ်မှာ အဘိုး oxygen ကျတာကစပြီး ဆေးရုံတင်တဲ့အချိန်မှာ swab test ယူရတော့ အဘိုး positive result ထွက်လာခဲ့တယ်လို့ မကြာသေးမီကမှ လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ နိုဝင်ဘာလ (၁)ရက်နေ့ကတော့ စိတ်မကောင်းစွာနဲ့ဘဲ မြတ်နိုးအေးရဲ့အဘိုးဖြစ်သူဟာ ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ် ။

မင်းကို ငါတို့ဆုံးရှုံးဖို့ အဆင်သင့်မဖြစ်သေးဘူး Rest in peace ပါ ဒယ်ဒီကြီး တွမ်မီ တောအုပ် ည 3:55 မိနစ် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေတဆင့် ပရိသတ်တွေကိုအသိပေးခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ အဘိုးကောင်းရာမွန်ရာရောက်ပါစေဆိုတဲ့ ဆုမွန်ကောင်းတွေ ပေးခဲ့ကြပါတယ် ။Source : Myat Noe Aye

Be the first to comment

Leave a Reply

Your email address will not be published.


*