
အဆိုတော်ကြီးရင်ဂိုကတော့ သူ့ရဲ့ ဂီတအမွေအနှစ်တွေကို သားရောသမီးပါ လက်ဆင့်ကမ်းအမွေပေးထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျားပေါက်ကတော့ Big Bag Band ကို တည်ထောင်ပြီး သီချင်းတွေသီဆိုခဲ့တဲ့ ဆယ်စုနှစ်ကျော်တိုင်ရှိနေပြီဖြစ်ပြီး
လက်ရှိအချိန်ထိတိုင် လူငယ်ပရိသတ်တွေအပေါ် လွှမ်းမိုးထားနိုင်ဆဲ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျားပေါက်ကတော့ မကြာသေးခင်ကလည်း သူ့ရဲ့ Cinematicus အယ်လ်ဘမ်အသစ်ကိုလည်း ထုတ်လုပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း “ကြောက်ခေတ်” ဆိုတဲ့ သီချင်းကို ထုတ်လုပ်ထားတဲ့သေးတဲ့ ကျားပေါက်က လက်ရှိမှာတော့ နိုင်ငံကျော် တေးရေး၊ တေးဆိုတစ်ယောက်ရဲ့ အထင်အမြင်လွဲ ထိုးနှက်ခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။
ထိုပြဿနာတွေကြားထဲမှာတော့ ကျားပေါက်က “ဆောင်းဦးရွက်ကြွေတွေဖြစ်တော့မယ်.. ေ-ာက်ရူးကတစ်မျိုး” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် My Day မှာ ရေးသားပြီး ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။
ကျားပေါက်ရဲ့ ဖခင် အဆိုတော် ရင်ဂိုကလည်း တစ်ဖက်က တေးရေး၊ တေးဆိုကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မေးခွန်းထုတ်ထားတာဖြစ်ပြီး တစ်ဖက်ကတော့ ဘာမှတုံ့ပြန်ခြင်းမရှိသေးပါဘူး။
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Leave a Reply