“ဘားမှမလိုဘူး”လို့ပြောလိုက်တဲ့ချစ်သူကောင်မလေးရဲ့စကားကို ယုံစားမိခဲ့လို့ လမ်းခွဲခံလိုက်ရတဲ့ကောင်လေး (ရုပ်သံ)

မိန်းကလေးတွေ အတော်များများဟာ သူတို့ရဲ့သဘောသဘာဝအရ ဖြစ်ချင်တာ ၊ ရချင်တာတွေကို တွယ်ဝိုက်ပြီး ချစ်သူတွေထံတောင်းဆိုတတ်ကြပါတယ် ။ ကောင်မလေးတွေက မရချင်ဘူး ၊ မလိုပါဘူး လို့ပြောလိုက်တဲ့စကားမျိုးတွေကို အခြေအနေ ၊ အချိန်အခါမကြည့်ဘဲ ယုံစားမိခဲ့ရင်တော့ အရိပ်အကဲမသိဘူးလို့ပြောရမှာပါပဲ ။

ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံက ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူကောင်လေးကို Valentine နေ့အတွက် ဘာပစ္စည်းလက်ဆောင်မှမလိုချင်ပါဘူးဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ဒါပေမဲ့ကောင်မလေးက အဲ့အဓိပ္ပါယ်နဲ့ပြောလိုက်တာမဟုတ်ဘဲ တွယ်ဝိုက်ပြီးပြောဆိုခဲ့တာပါ ။ သို့ပေမဲ့ ချစ်သူကောင်လေးက တစ်ကယ်ထင်မှတ်ပြီး Valentine Day နေ့မှာ လက်ဗလာနဲ့ရောက်လာပြီး ကောင်မလေးအတွက် ဘားပစ္စည်းလက်ဆောင်မှ မပေးခဲ့ပါဘူး ။ ဒါကြောင့် ကောင်မလေးကအတော်လေးစိတ်ဆိုးဒေါသထွက်သွားပါတော့တယ် ။

Zhen Yuan Wang အမည်ရှိတဲ့ ချစ်သူကောင်လေးရဲ့ ပြောပြချက်အရ ” သူမပြောခဲ့တာက သူမဆိုလိုတဲ့အရာမဟုတ်ဘူးဆိုတော့ ကျွန်တော်ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး ၊ Valentine Day မရောက်ခင်တစ်ပတ်အလိုက သူမ ပြောခဲ့တာလေ ၊ အဲ့တော့ ကျွန်တော်ဘာကိုသွားပြီး ယုံရမှာလဲ ၊ အချိန်ကြာလာတော့ အဲ့ကိစ္စကြောင့်နဲ့ သူမကလမ်းခွဲချင်ပြီ လို့ပြောခဲ့တယ် ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

ထို့ကြောင့် Zhen Yuan က ကောင်မလေးထံအခွင့်အရေးနောက်တစ်ခေါက်လောက်ထပ်ပေးဖို့ လူကြားထဲမှာ ဒူးထောက်ပြီးတောင်းပန်ခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း ကောင်မလေးဟာ အတော်လေးစိတ်ဆိုးဒေါသထွက်နေသေးပုံရပြီး Zhen ကိုအော်ဟစ်ကာ တွန်ဖယ်ပစ်ခဲ့ပါသေးတယ် ။ သို့ပေမဲ့ Zhen Yuan ဟာလက်မလျှော့ဘဲ အကြိမ်ကြိမ်ဦးညွတ်ပြီးတောင်းပန်ခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*