
ဇေသီဟ ဟာဆိုရင် နိုင်ငံကျော်မင်းသမီး အကယ်ဒမီနန္ဒာလှိုင်ရဲ့ခင်ပွန်းဆိုတာ ပရိ သတ်ကြီးသိပါတယ်နော်။အောက်တိုဘာလ(၃၀)ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့အောင်လအန် ဆန်း ပွဲမှာ အောင်လက စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား
ရိုင်နာဒီရစ်ဒါကို ပထမအချီမှာပဲ ရှုံး နိမ့်သွားခဲ့ပါတယ်။အောင်လရှုံးသွားတာနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝမ်းနည်းမှု တွေ ၊ ဝေဖန်မှုတွေကို များစွာတွေ့ရပါတယ်နော်။
အောင်လအန်ဆန်းကို နယ်သာလန်နိုင်ငံသား ရိုင်နာဒီရစ်ဒါရဲ့ အနောက်ကနေ သိုင်းဖက်ကာ လ ည် ပင်းညှစ်တဲ့ ချုပ်ကွက်ကြောင့် အောင်လအန်ဆန်းဟာ ရှုံးနိမ့်သွားခဲ့ရပေမယ့် လုပ်ပွဲများလား ဆိုတဲ့ ဝေဖန်ချက်တွေ ပြည့်နှက်လာခဲ့ပါတယ်။
ယနေ့မှာတော့ထိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဇေ သီ ဟက”One Championship နဲ့ အောင်လ ကြောင့် မြန်မာနိုင်ငံမှာ Martial Arts ကို စိတ် ဝင်စားမှု သိသိသာသာများလာတယ်ဆိုတာ ငြင်း လို့ မရပါဘူး။ အားကစားမှာ အနိုင်နဲ့ အရှုံး ၂ မျိုးပဲ ရှိတယ်။
ဒီပွဲနိုင်သွားရင်လဲ နိုင်တဲ့သူပဲ ခေါ်ထိုးတယ် ပြောကြအုံးမယ်။ ရှုံးသွားတော့လဲ နောက်တမျိုး ပြော ကြတာပါပဲ… အသက်နဲ့ ရင်းပြီး ကစားရတဲ့ ကစားသမားတွေကို နှိမ်ချ ပြောဆိုနေတဲ့သူတွေက ပြည်တွင်း Martial Arts ပွဲစီစဉ်သူတွေပါဝင်နေတယ်ဆိုတာ သိရတော့ သူတို့ကို ပိုလို့တောင် ရွံ သွားမိပါတယ်။အောက်တန်းကျလွန်းပါတယ်။
ခင်ဗျားတို့ စားနေတဲ့ ထမင်းက One Championship နဲ့အောင်လကြောင့် Martial Arts ကိုစိတ်ဝင်စားလာကြတဲ့ လူတွေရဲ့ပိုက်ဆံ တွေ လဲ ပါတယ်။ ဇာတ်ညွှန်းအတိုင်း ထိုးလို့ရမရ သိ ချင် ရင် ကိုယ်တိုင် စင်ပေါ်တက်ထိုးသင့်ပါ တယ်။ဝေဖန်တာနဲ့ ဖောင်းထုတာနဲ့ မတူဘူး။”ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသား ထား တာကိုတွေ့ရပါတယ်။
ဇေသီဟကတော့ ရှုံးနိမ့်သွားတဲ့အောင်လအန်ဆန်းနဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့သူတွေကို ခပ် ပြတ် ပြတ်ပဲပြောဆိုလိုက်တာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဇေသီဟရဲ့ အမြင်ကို သုံးသပ် ပေးပြီး အောင်လအန်ဆန်းကိုလည်းဆက်လက်အားပေးကြပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိသတ် ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
Leave a Reply