
ကလေးတွေ ဖုန်းကြည့်ပြီး ငြိမ်နေတယ် ဆိုတိုင်း မိဘတွေ ပစ်မ ထားပါနဲ့။ ဆိုးကျိုးတွေက အများကြီးမို့ ဖုန်းကို ပေးကြည့်မဲ့အစား ကလေး တွေကို အချိန် နည်းနည်း ပေးပြီး တခြား ကိုယ်လက် လှုပ်ရှား အားကစားနည်း တွေ၊ အရုပ်ဆက် တာတွေ၊ ဉာဏ်စမ်း ကစားနည်း တွေ နဲ့ အစားထိုး ကစားပေးဖို့ တိုက်တွန်း လိုက်ရ ပါတယ်။
ကလေးတွေ ဖုန်းကြည့် များရင် ဖြစ်တတ်သော ဆိုးကျိုး(၁၀)ခု၁။ ဦးနှောက်နဲ့ အာရုံကြော ပုံမှန် အလုပ် လုပ်တာ လျော့နည်းလာမယ်။
၂။ စကားပြောဆိုတာ နည်း လာမယ်။
၃။ မှတ်ဉာဏ်ကောင်းပေမဲ့ ပုံမှန် မတွေးခေါ်နိုင်တာ ဖြစ်လာမယ်။
၄။ အပေါ့၊ အလေးသွားတဲ့ ကိစ္စတွေကို မပြော မဆိုတတ်ဖြစ် လာမယ်။
၅။ ထမင်း၊ ဟင်း၊ အာဟာရတွေကို ပုံမှန် အချိန်နဲ့ မစား တတ်တော့တာဖြစ်လာမယ်။
၆။ လိုအပ်တာတွေကို မတောင်း ဆိုတတ်တာမျိုး ဖြစ် လာမယ်။
၇။ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တာတွေ ဖြစ်လာမယ်။
၈။ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင် တာ ဖြစ်လာမယ်။
၉။ အိပ်စက်မှု နည်းပါး လာမယ်။
၁၀။ မျက်လုံး အားနည်းပြီး မှုန်ဝါးတာတွေ ဖြစ် လာမယ်။
REF: Nway Hnin Mg Facebook
Leave a Reply