မင်္ဂလာဦး ညအတွက် အပျိုစင် သတို့သမီးလေးတွေ ကြိုတင် သိထားရမယ့် အချက်များ

သတို့သမီးလေးတွေ အတွက် ယောက်ျားတစ်ယောက် နဲ့ ကိုယ်လက်နှီးနှောရတော့မယ့် မင်္ဂလာဦးည အတွက် ကြိုတင်ရင်ခုန် ကြောက်စိတ်၊ ရှက်စိတ်တွေ ရှိနေမှာ အသေအချာပါပဲ။ အထူးသဖြင့် အတူနေ အတွေ့အကြုံ မရှိသေးတဲ့ သတို့သမီးလေးတွေဆို ပိုဆိုးတာပေါ့။

ဒါပေမယ့် ကိုယ့်ရဲ့ ပထမဦးဆုံး မင်္ဂလာဦးည ကို အခက်အခဲ၊ အနှောင့်အယှက် မဖြစ်စေဘဲ ပျော်ရွှင်ရင်ခုန်လှိုက်မောစွာ ဖြတ်သန်းနိုင်ဖို့ကလည်း အရေးကြီးပါတယ်နော်။ ဒါကြောင့် အပျိုစင် သတို့သမီးလေးတွေ ကြိုတင်သိထား၊ ပြင်ဆင်ထားမယ့် အရာလေးတွေကို ပြောပြပေးချင် ပါတယ်။

၁။ မင်္ဂလာဦး ညတိုင်း အတူနေကြတာ မဟုတ်ပါဘူး

တော်တော် များများက မင်္ဂလာဦးညကို ကြိုတင်ရင်ဖို စိတ်လှုပ်ရှားကြပေမယ့် အမှန်တကယ် အဲ့ဒိညမှာတော့ မင်္ဂလာပွဲကိစ္စနဲ့ပတ်သတ်ပြီး ပြန်လှန်ပြောတာ၊ အလုပ်ရှုပ်ရင်း မနေဖြစ်ကြတာလည်း ရှိပါတယ်။ ဒါ့ကြောင့် အရမ်းကြီး ကြိုတင်စိတ်ဖိစီးမနေပါနဲ့။

၂။ စိတ်ကို သက်သက်သာသာလျှော့ချထားပါ

စိတ်ကို တအားကြီး ထိန်းချုပ်ဖိနှိပ်ခြင်းက သင်တို့နှစ်ဦးအတူနေတဲ့အခါ အခက်အခဲတွေ ဖြစ်လာစေနိုင်ပါတယ်။ တတ်နိုင်သလောက် စိတ်ကို ဖြေလျှော့ထားပါ။ ဒါမှသာ လက်ထပ်ခြင်းရဲ့ ပထမဆုံး အရေးကြီးညလေးက သက်ဝင်လှပနိုင်မှာပါ။ (စိတ်ကိုဖြေလို့မရရင် ဝိုင်၊ အရက် သောက်ပြီး ဖြေလျှော့ပေါ့ :P)

၃။ အဆင်မပြေဖြစ်လည်း အိုကေ ပါတယ်

ဟုတ်ပါတယ်။ ပထမဦးဆုံး လိင်ဆက်ဆံတယ် ဆိုတာ စာထဲမှာဖတ်သလောက်၊ ဇာတ်လမ်းတွေထဲမှာမြင်သလောက် အဆင်ပြေ ချောမွေ့နိုင်မှာမဟုတ်ပါဘူး။ နည်းနည်းတော့ ခွတီးခွကျ နိုင်ပါလိမ့်မယ်။ အဓိကက စိတ်ကို လျှော့ချထားပါ။ ပွင့်ပွင့်လင်းလင်း ရှိပါ။ အဆင်မပြေဘူးဆိုပြီး စိတ်မပျက်လိုက်ပါနဲ့။ ပထမဆုံး မို့ပါ။ နောက်ဆိုရင်တော့ အဆင်ပြေသွားပါလိ့မ်မယ်။

၄။ အပျိုဆိုပေမယ့် သွေးမထွက် တာလည်း ဖြစ်နိုင်ပါတယ်

သင်ဟာ အပျိုစင်တစ်ဦးဆိုပေမယ့် ပထမဦးဆုံး အကြိမ် လိင်ဆက်ဆံတဲ့အခါ သွေးမထွက်တာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့ တစ်ဦးကတော့ မတူနိုင်ပါဘူး။ စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတွေ ပြုလုပ်တတ်တဲ့ အမျိုးသမီးတွေက သွေးမထွက်တတ်ပါဘူး။ မင်္ဂလာဦးညမှာ သွေးမထွက်လို့ ပြဿနာ ရှာတတ်တဲ့ ဗဟုသုတမရှိ ခပ်တုံးတုံး ယောကျ်ားတွေက သိပ်မရှိတော့ပါဘူး။ ( ပျိုလား၊ မပျိုလား သူတို့တွေက ပိုသိပါတယ်)

၅။ နည်းနည်းတော့ နာပါမယ်

ဒါကတော့ သေချာ ပါတယ်။ ပထမဆုံး တစ်ကြိမ်၊ နှစ်ကြိမ်မှာ နာကြင်မှု ရှိနိုင်ပါတယ်။ ဒါကို အရမ်းမလန့်သွား ပါနဲ့။ သွေးမထွက်ရင်တောင် နာကြင်မှုရှိမှာပါ။

၆။ ချောဆီ အနည်းငယ်ဆောင်ထားပါ

နည်းနည်းတော့ နားရှက် စရာကောင်းပေမယ့် တစ်ခါတလေ အမျိုးသား အင်္ဂါက မိန်းမကိုယ်ကို ထိုးသွင်းဖို့ မလွယ်ကူတဲ့ အခါ ချောဆီအနည်းငယ်သုံးတာက နှစ်ယောက်စလုံးကို သက်သာမှု ရှိစေပါလိ့မ်မယ်။

၇။ ပြီးမြောက်မှု ရချင်မှ ရပါလိမ့်မယ်

ပထမဆုံးဖြစ်တဲ့အတွက် လိင်ဆက်ဆံရာ မှာ စိတ်ခံစားမှု အထွဋ်အထိပ်ရောက်ခြင်းဆိုတဲ့ ပြီးမြောက်မှု ကတော့ ရချင်မှ ရပါလိမ့်မယ်။ ခံစားမိချင်မှ ခံစားမိနိုင်ပါလိမ့်မယ်။ ဒါက ပထမဆုံးအကြိမ်မို့ အရေးတော့ သိပ်မကြီးပါဘူး။ နာကြင်မှုကိုသာ စိတ်ထဲအရမ်းမထားဖို့ လိုပါတယ်။

၈။ ကိုယ်ဝန်ရနိုင်လို့ အကာ အကွယ်သုံးပါ

ပထဆုံးအတွေ့အကြုံနဲ့တင် ကိုယ်ဝန် ရနိုင်ခြေ အရမ်းများပါတယ်။ အကယ်၍ ကလေးယူဖို့ အစီအစဉ် မရှိသေးဘူးဆိုလျှင်တော့ အကာအကွယ်သုံးပါ။ (သို့) တားဆေးသောက်ပါ။

ဒီလောက်ဆိုရင်တော့ အပျိုစင်သတို့သမီးတွေ သိထားသင့် သလောက် သိရပါပြီ။ အခြားကြိုတင် ပြင်ဆင်သင့်တာကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုပါ။ အထူးသဖြင့် မိန်းမကိုယ်တဝိုက် အမွှေးအမျှင် နှင့်အညစ်အကြေးများမရှိအောင် သန့်ရှင်းခြင်းများ ပြုလုပ်ထားလျှင် အကောင်းဆုံး ပါပဲ။

ကဲ…ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာဦးညလေး ကို ပိုင်ဆိုင်နိုင်ကြပါစေ..

Be the first to comment

Leave a Reply

Your email address will not be published.


*