တလ နှစ်လနဲ့ လုံးဝ မပျောက်တဲ့ ကိုဗစ်နဲ့ ကာကွယ်ဆေးကို နောက်ဆုံးမှ ရမယ့် နိုင်ငံတွေ

တလ နှစ်လနဲ့ လုံးဝ မပျောက်တဲ့ ကိုဗစ်နဲ့ ကာကွယ်ဆေးကို နောက်ဆုံးမှ ရမယ့် နိုင်ငံတွေ

ပြင်သစ် နဲ့ ဂျာမဏီတို့ကတော့ ကံဆိုးရင် ဒီဇင်ဘာလကုန်အထိ ကြာမယ့် တနိုင်ငံလုံး lockdown ကြေညာလိုက်ပါပြီ။ အမေရိကန်မှာ တနေ့ လူ တသိန်းနီးပါး ရောဂါ ကူးစက်ခံနေရပါတယ်။ ကိုဗစ်ဟာ အမေရိကန်သမ္မတ ထရန့် ပြုတ်သွားစေပါလိမ့်မယ်။

ကျွန်တော်တို့ ရေရှည်အတွက် ဒီထက်ပိုပြီး ခက်ခဲမယ့် အခြေအနေကို ကြိုပြီး ကိုဗစ် ကျန်းမာရေးအခြေခံအဆောက်အအုံတွေ ပြင်ဆင်ထားမှ ဒုတိယလှိုင်းတုန်းကလို ကပျာကယာဖြစ်ရတဲ့အခြေအနေကနေ ရှောင်လွှဲနိုင်ပါလိမ့်မယ်။

ကူးစက်မှုဟာ ကမ္ဘာမှာ စက်ဝိုင်းလို လှည့်လည်နေပါတယ်။ ဝူဟန်မှာတုန်းက လူ တထောင်ဝန်းကျင်ကူးစက်ခံရတဲ့ အခြေအနေကနေ lockdown နဲ့လွတ်မြောက်လာခဲ့ပါတယ်။ သူတို့ lockdown က အတော်ကြမ်းပါတယ်။ ဘယ်မှထွက်လို့မရအောင် မြို့ထဲကနေ မြို့ပြင်ထွက်တဲ့ အမြန်လမ်းကိုပါသုံးမရအောင် တူးပြီးဖျက်ဆီးပစ်လိုက်တာပါ။ 19 ရက်အတွင်း ပိုးကူးစက်မှု ၃၀၀၀ ကျော်ကနေ ၁၉ ယောက်ဖြစ်အောင် လျော့ချနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အဲ့လို မလုပ်နိုင်ပါဘူး။

အရှိတရားကတော့ ကာကွယ်ဆေးဟာ ကျွန်တော်တို့လိုနိုင်ငံတွေကို နောက်ဆုံးမှ ရောက်မှာပါ။ တခြားနိုင်ငံတွေက ဘီလီယံနဲ့ချီငွေသုံးပြီး ကြိုဝယ်ထားကြပါတယ်၊ ဈေးကွက်စီးပွါးရေးအရ တော့ ကြိုဝယ်တဲ့နိုင်ငံတွေအရင်ရပါ့မယ်။ဘေလ်ဂိတ် နဲ့ အခြားလူမှုကူညီတဲ့ ပုဂ္ဂိုလ်တွေ တတိယနိုင်ငံတွေကို ကူညီပေးမှ ရောက်လာမှာပါ။

တကယ့်အဖြစ်မှန်ကိုကြည့်ရင် လူ ခုနှစ်ဘီလီယံ ကို သုံးလေးနှစ်အတွင်း ဆေးထိုးပေးဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ဆေးပညာရှင်တွေ ဘယ်လိုသယ်ယူပို့ဆောင်ရမယ်ဆိုတဲ့ကိစ္စတွေစဉ်းစားရင် အိပ်လို့တောင်မပျော်ဘူးလို့ ဆိုကြပါတယ်။ဆေးရောက်လာတောင် အဆင့်ဆင့်ခွဲထိုးရပါလိမ့်မယ်။ ကျမ်းမာရေးဝန်ထမ်းတွေ၊ အသက်ကြီးရင့်သူတွေ၊ ရောဂါအခံရှိသူတွေ စသည်ဖြင့် အမျိုးအစားခွဲ ထိုးကြရမှာမို့ ဆေးအလုံအလောက်ရတောင် နှစ်၊ လ ချီ ကြာနိုင်ပါတယ်။ ကာကွယ်ဆေးကတော့ တလုံး လေးငါးထောင်ကျပ်နဲ့ ထိုးနိုင်အောင် ကြိုးစားနေကြပါတယ်။

ကြားထဲမှာလည်း အဖိတ်အစင် ရှိဦးမှာပါပဲ။ တလ နှစ်လ နဲ့ ပြီးမယ်လို့ မျှော်ခဲ့ကြတယ်၊ မပြီးပါဘူး။ အတော့်ကို ရေရှည်သွားတော့မယ့် ခရီးတခုကို မြင်နေရပါတယ်။ ကျွန်တော်တို့ ကြိုပြင်ကြမှ အဆင်ပြေမှာပါ။

mask တပ်ကြပါ၊ ကာကွယ်ခြင်းသာ ထိရောက်နိုင်ပါတယ်။Kyaw Swa Min

Be the first to comment

Leave a Reply

Your email address will not be published.


*