မန္တလေးမြို့အတွက် မြို့တော်စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင်

မန္တလေးမြို့အတွက် မြို့တော်စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြည်သူတွေ တောင်းဆိုထားတဲ့ ၂၆ လမ်း ကျုံးဘေးပလက်ဖောင်း မီးလင်းရေးကို ဆောင်ရွက်ပြီးစီးခဲ့ပြီလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ကွန်ကရစ်အထူ ၃ လက်မပဲရှိပြီး အောက်ခံမှာ မူလကျောက်ကြီးတွေရှိနိုင်လို့ concrete footing ချလို့မရပေမဲ့ ခိုင်ခံ့ပြီး လုံခြုံစိတ်ချရအောင် ကြိုးစားထားတယ်လို့ ရေးသားထားပါတယ်။ ” ပြည်သူတွေလှူထားတဲ့ လမ်းမီးအလှူငွေ နဲ့ ပြည်သူ့ဂုဏ်ရည်ဆုငွေ ပေါင်းပြီး ဆောင်ရွက်တာပါ။

မြို့တော်အတွက် စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင်ပါ”လို့ ဒေါက်တာရဲလွင်က ရေးသားထားပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဟာ ကိုဗစ်-၁၉ ကာလ လူသူအသွားအလာ နည်းပါးမှုကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချပြီး မြို့တော်စည်ပင်သာယာရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*