ဘယ်ကစားသမားမှ သူလှဲချတာကို မခံနိုင်ဘူးဆိုတဲ့ ချန်ပီယံ ဒီရစ်ဒါ

အောင်လန်အန်ဆန်ကို အနိုင်ယူပြီး ဝမ်း မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တဲ့ ဒီရစ်ဒါက ဘယ်ကစားသမားမှ သူလှဲချတာကို မခံနိုင်ကြောင်း ပွဲအပြီးအင်တာဗျူးမှာ ကြုံးဝါးပြောဆိုလိုက်ပါတယ် ။

နယ်သာလန်နိုင်ငံသား ဒီရစ်ဒါဟာ အောင်လန်အဆန်ကို ပထမအချီမှာပဲ ဂျူဂျစ်ဆု ချုပ်ကွက်ဖြင့် အနိုင်ယူပြီး One Championship ရဲ့ ၄ ယောက်မြောက် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပါတယ် ။ ဒီရစ်ဒါက “ကျွန်တော်ပြောခဲ့တဲ့အတိုင်းဖြစ်သွားခဲ့တာပါ ၊ ဘယ်သူ့ကိုမဆို ကျွန်တော်လှဲချနိုင်တယ် ၊ ဘယ်သူကို မဆိုချုပ်ပြိး အနိုင်ယူနိုင်တယ် ၊ အောင်လ နဲ့ ပြိုင်ရတာ ဂုဏ်ယူပါတယ် ။

အကောင်းဆုံးလူဆီက သရဖူကို ယူရတာပါ ၊ သူမကြာခင် လေ့ကျင့်ရေးကွင်းထဲပြန်ရောက်ပြီး ဂျုဂျစ်ဆို သေချာလေ့ကျင့်နိုင်ပါစေ ၊ အောင်လက ကျွန်တော်ရဲ့ချုပ်ကွက်ကို ကာကွယ်နိုင်စွမ်းရှိပါတယ် ၊ အချီပြီးဖို့လေးမိနစ်လောက်လိုသေးတော့ ကျွန်တော်လည်း မလောဘဲအချိန်ယူခဲ့တယ် ၊ ကျွန်တော်လက်က သူ့မေးစေ့ဆီရောက်လာတယ် ၊ တဖြေးဖြေး မေးစေ့အောက်ကို ကျွန်တော့်လက်ရောက်အောင် သွင်းနိုင်တဲ့အချိန်မှာ ဒီလူ ကျွန်တော်လက်က မလွတ်တော့ဘူးဆိုတာ သိလိုက်တယ် ၊

ဒီလိုချုပ်လဲနိုင်ဖို့ကျွန်တော်အမြဲတမ်းလေ့ကျင့်ခဲ့ရတာပါ ၊ ခုပွဲလုပ်လိုက်နိုင်တာ ကျေနပ်ပါတယ် ၊ ဒါကို ကျွန်တော်ရဲ့နည်းစနစ်များစာရင်းထဲ ထည့်ထားရမယ် ၊ သူ့ကို ချုပ်မိပြီးဆိုတာ နဲ့သိလိုက်တယ် ၊ သူမလွတ်တော့ဘူး ၊ လိုအပ်ရင် ကျွန်တော် အိမ်အထိ ဒီအတိုင်းခေါ်သွားလို့ရတယ် ၊ ဒီပွဲက သူ့ကိုပဲတည့်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး ၊ စပြီး ပြင်ဆင်ကတည်း ကျွန်တော်ကိုယ့်ကျွန်တော်ယုံတယ် ၊ ကျွန်တော့် ဂျုဂျစ်ဆုကို ယုံတယ် ၊ ဘယ်သူမှ ကျွန်တော်ကို မရပ်တန့် နိုင်ဘူး ၊ ဘယ်သူမှ ကျွန်တော်လှဲချတာမခံနိုင်ဘူး”လို့ပြောဆိုခဲ့ပါတယ် ။ အောင်လန်အန်ဆန်ဟာ မစ်ဒယ်ဝိတ်ခါးပတ်ကို ရရှိပြီးတဲ့နောက် ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ် ။

အောင်လန်အန်ဆန်ဟာ မစ်ဒယ်ဝိတ်ခါးပတ်ကို မကာကွယ်နိုင်ခဲ့ပေမယ့် လိုက်ဟဲဗီးဝိတ်ခါးပတ်ချန်ပီယံအဖြစ်ရှိနေဆဲဖြစ်ပါတယ် ။ ဒါပေမဲ့ အောင်လဟာ လာမယ့်ပွဲတွေမှာ မစ်ဒယ်ဝိတ်မှာပဲထိုးသတ်သွားမှာဖြစ်ကြောင်း အတည်ပြုပြေဆိုထားပါတယ် ။ ဒီရစ်ဒါက မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကိုအနိုင်ရခဲ့ပေမယ့် သူ့လို့ ရုပ်ထု နဲ့ဂုဏ်ပြုခံရဖို့ဆိုတာ မသေချာသေးဘူလို့ထပ်လောင်းပြောဆိုခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*