ခါးနာကျောနာခြင်းကို ငါးမိနစ်အတွင်းသက်သာသွားစေမယ့် နည်းလမ်းကောင်းများ

လူတော်တော်များများအများဆုံးဖြစ်လေ့ရှိတဲ့ဝေဒနာကိုပြောပါဆိုရင် နောက်ကျောဘက်နာကျင်ခြင်းပါပဲ။ခါးနာကြတယ်။ကျောနာကြတယ်စတဲ့ဝေဒနာတွေခံစားရတဲ့အခါ လူကလည်းသက်တောင့်သက်သာမရှိပဲပင်ပန်းပါတယ်။ဒီလိုဝေဒနာတွေခံစားလာရပြီဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေထဲက တစ်နည်းနည်းကိုစမ်းသပ်ကြည့်သင့်ပါတယ်။ဘယ်လိုနည်းလမ်းတွေက ခါးနာကျောနာခြင်းကိုသက်သာစေလဲဆိုရင်…

*ကျောရိုးကိုအနားပေးခြင်း

အိမ်မှာရှိနေတဲ့အချိန်ဆို ဒီနည်းလေးကိုသုံးကြည့်သင့်ပါတယ်။ပထမဆုံး ကြမ်းပြင်မှာထိုင်လိုက်ပါ။ပြီးရင်ခြေထောက်နှစ်ချောင်းကိုဖြောင့်တန်းစွာထားလိုက်ပါ။ခြေထောက်နှစ်ဖက် ၁၀ စင်တီမီတာလောက်ခြားထားပါ။ပြီးရင် စောင်တစ်ထည်ကို ထူထူလေးဖြစ်အောင်လိပ်ပြီး ပုံထဲမှာပြထားသလို ဒူးအောက်မှာထားပါ။ပြီးရင်ခေါင်းအုံးကို ခြေထောက်ပေါ်မှာတင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ခေါင်းအုံးနဲ့ထိတဲ့အထိကွေးလိုက်ပါ။အဲ့ဒီအနေအထားအတိုင်း ၅မိနစ်ကြာမှာနေပါ။ဒီနည်းလေးက နောက်ကျောဘက်ကြွက်သားတင်းအားတွေကိုပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကိုသက်သာသွားစေပါတယ်။
*ဆားခါးနဲ့ခြေထောက်စိမ်ပါ

ခြေထောက်စိမ်ရရုံအနေအထားလောက် ခပ်နွေးနွေးရေဇလုံတစ်ခုယူပါ။အဲ့ဒီထဲကို ဆားခါး ခွက်တစ်ဝက်စာလောက်ရောထည့်ပြီးမွှေလိုက်ပါ။ပြီးရင်ခြေထောက်ကို ၅မိနစ်ကနေ ၇မိနစ်လောက်ထိထည့်စိမ်ထားပါ။အချိန်ပြည့်တဲ့အခါ ခြေထောက်ကိုထုတ်ပြီးခပ်နွေးနွေးရေလေးနဲ့ ထပ်ပြီးဆေးလိုက်ပါ။ပြီးရင်တော့ စောင်လေးနဲ့ဖြစ်စေ ခြေထောက်ကို ပတ်ထားလိုက်ပါ။ဆားခါးက အကြောတွေ၊ကြွက်သားနာကျင်တာတွေကိုပြေလျော့စေတဲ့အတွက် ဆားခါးစိမ်လိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူလိုက်တဲ့အတွက် နောက်ကျောဘက်နာကျင်မှုကိုလည်းသက်သာသွားစေပါတယ်။

*ဒူးအနောက်ဘက်က အကြောလေးတွေကိုဖိပါ

ဒူးအနောက်ဘက် အလယ်တည့်တည့်မှာ အကြောအမှတ်လေးတွေရှိပါတယ်။အဲ့ဒီအကြောနေရာလေးကို လက်မနဲ့ ဖိပေးပြီး အသက်ကိုပြင်းပြင်းရှုပါ။၂မိနစ်ကနေ ၃မိနစ်ထိဖိထားပေးနိုင်ပါတယ်။ဒီအကြောလေးတွေကိုဖိပေးတာကလည်း ခါးနေရာတစ်ဝိုက်ကြွက်သားနာကျင်မှုကိုလျှော့ချပေးနိုင်တယ်လို့သိရပါတယ်။

*အဝတ်ညှပ်ကလစ်ကိုသုံးပါ

အဝတ်လှန်းတဲ့အခါမှာလွင့်ပါမသွားအောင်ချိတ်တဲ့ အဝတ်ညှပ်ကလစ်ကို နားရဲ့အပေါ်ဘက်မှာ ညှပ်ထားပါ။၅စက္ကန့်လောက်ကြာအောင်ညှပ်ပြီးဖြုတ်လိုက်ပါ။နားတစ်ဖက်ဆီကို ၅ကြိမ်စီ ၅စက္ကန့်ကြာအောင်ညှပ်ပေးပါ။ပညာရှင်တွေရဲ့အဆိုအရ နားအပေါ်ဘက်တစ်ဝိုက်နေရာဟာ ပုခုံးရယ်၊နောက်ကျောရယ်နဲ့ဆက်နွယ်မှုရှိတယ်လို့သိရပါတယ်။ဒါကြောင့်နားအပေါ်ဘက်နေရာကိုကလစ်နဲ့ညှပ်ပေးတာဟာ နောက်ကျောဘက်ကြွက်သားနာကျင်မှုတွေ၊တင်းအားတွေကိုဖြေလျော့ပေးနိုင်တာဖြစ်ပါတယ်။

*Lavender ဆီ

အုန်းဆီ ဒါမှမဟုတ် ကြက်ဆူဆီ စားပွဲတင်ဇွန်းတစ်ဇွန်းကို Lavender ဆီအစက်အနည်းငယ်နဲ့ရောစပ်ပြီး နာကျင်နေတဲ့ ကျောနေရာတစ်ဝိုက်ကိုညင်သာစွာပွတ်လိမ်းနှိပ်နယ်ပေးပါ။Lavender ဆီမှာ နာကျင်မှုကိုပြေလျော့သက်သာစေတဲ့အစွမ်းသတ္ထိတွေရှိပါတယ်။ဒါကြောင့် ခါးနဲ့ကျောတစ်ဝိုက်ကိုလိမ်းပေးမယ်ဆိုရင် နာကျင်မှုတွေကိုပြေလျော့ပေးနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်းလျော့နည်းသွားစေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*