
ရန်ကုန်၊ အောက်တိုဘာလ
ကိုဗစ်ကာလတွင် Quarantine ဝင်ရောက်ပြီး ရက်ပြည့်၍ နေရပ်ပြန်လိုသူများနှင့် အရေးတကြီး မဖြစ်မနေခရီးသွားလာရန်လိုအပ်သူများအတွက် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ယာဉ်အစီးရေ ၂၀ ကျော်ဖြင့် ပြန်လည်ပြေးဆွဲမှုများရှိကြောင်း ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အ ဖွဲ့(YRTA)မှ သိရပါတယ်။
လက်ရှိတွင် အဆိုပါယာဉ်များအနေဖြင့် ခရီးသည်တချို့နှင့်ကုန်ပစ္စည်းတချို့ကိုသာ သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်းသိရပါတယ်။
ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ဒဂုံဧရာအဝေးပြေးဝင်း၊ ဒလအဝေးပြေးဝင်းတို့မှ ယာဉ်များပြေးဆွဲခြင်းကို ပိတ်သိမ်းထားခြင်းမရှိသော်လည်း ခရီးသည်စီးနင်းမှုနည်းပါးခြင်းကြောင့် ယာဉ်လိုင်းတချို့ရပ်နားထားကာ ကုန်စည်များသာ ပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။
လက်ရှိတွင် အဝေးပြေးယာဉ်လိုင်းများစီးနင်းမည့်ခရီးသည်များကို ကျန်းမာရေးထောက်ခံချက်နှင့် အချက်အလက်များပြည့်စုံတိကျစွာပေးမှသာ စီးနင်းခွင့်ပြုကြောင်းလည်းသိရပါတယ်။
YMC
Leave a Reply