ရွှေခါးပတ်ကို လွှဲပြောင်းပေးခဲ့ရတဲ့ မြန်မာ့ဂုဏ်ဆောင်ချန်ပီယံကြီး အောင်လအန်ဆန်အတွက် အားပေးစကားပြောလာတဲ့ အောန်ဆိုင်း

ကချင်တိုင်းရင်းသူ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းကတော့ တိုင်းရင်းသူတစ်ယောက်ပီပီ သူမရဲ့ အမျိုးအနွယ်တွေအပေါ်လည်း အမြဲတမ်း ဂုဏ်ယူလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ အောန်ဆိုင်းက သူမကိုယ်တိုင်လည်း နိုင်ငံခြားရှိုးပွဲတွေမှာ မျက်နှာပွင့်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်သလို လက်ဝှေ့ချန်ပီယံကြီး အောင်လအန်ဆန်ကလည်း မြန်မာ့ဂုဏ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၃၀) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ONE Championship သိုင်းပေါင်းစုံကစားပွဲမှာ မြန်မာ့စပါးအုံး အောင်လအန်ဆန်က စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ရိုင်နာဒီရစ်ဒါကို ပထမအချီမှာတင် ရှုံးနိမ့်ခဲ့ရပါတယ်။ အောန်ဆိုင်းကတော့ သူမရဲ့ ချန်ပီယံကြီး အောင်လအန်ဆန်အတွက် “အားကစားမှာ အမြဲအနိုင်ဆိုတာ မရှိပါဘူး ဒါပေမဲ့ သူကတော့ ကျွနိမတို့နိုင်ငံအတွက် အမြဲတမ်း ဂုဏ်ယူရတဲ့ champion ကြီးပါ 🏆💪🏼🇲🇲” ဆိုပြီး အားပေးစကားပြောခဲ့ပါတယ်။

အောင်လအန်ဆန်ကတော့ Middle Weight ရွှေခါးပတ်ကြီးကို လွှဲပြောင်းပေးခဲ့ရပေမယ့် Light Heavy Weight ရွှေခါးပတ်ကြီးတစ်ခုတော့ ကျန်ရှိသေးတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်အတွက် မြန်မာနိုင်ငံသားတွေကတော့ အမြဲတမ်း ဂုဏ်ယူနေဆဲဖြစ်တာကို ပြောဖို့တောင်လိုမယ် မထင်ပါဘူးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*