အိမ်စာ မလုပ်ခဲ့တဲ့ ကျောင်းသားကို ထိုင်ထ အကြိမ် ၁၀၀ လုပ်ခိုင်းရာမှ ကျောင်းသားသေဆုံး

အိမ်စာ မလုပ်ခဲ့တဲ့ ကျောင်းသားကို ထိုင်ထ အကြိမ် ၁၀၀ လုပ်ခိုင်းရာမှ ကျောင်းသားသေဆုံး

ထိုင်းနိုင်ငံက ကျောင်းတစ်ကျောင်းဟာ အိမ်စာမလုပ်ခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသားကို ဆရာဖြစ်သူက ထိုင်ထ အကြိမ် ၁၀၀ လုပ်ခိုင်းရာက သေဆုံးသွားခဲ့တာကြောင့် တောင်းပန်ခဲ့ရပါတယ်။

ကျောင်းသားလေးဟာ သြဂတ်စ်လ ၃၁ ရက်နေ့က ဖျားနာမှုကြောင့် ဆေးရုံတက်နေခဲ့ရပြီး စက်တင်ဘာလ ၂ ရက်နေ့မှာ ဆေးရုံက ဆင်းခဲ့ပါတယ်။ ဒီနောက် ကျောင်းတက်ဖို့သွားရာမှာ ကျောင်းကဆရာဖြစ်သူက အိမ်စာတွေမပြီးလို့ဆိုပြီး ထိုင်ထ အကြိမ် ၁၀၀ လုပ်ခိုင်းခဲ့တာပါ။

အဲ့ဒီနောက် စက်တင်ဘာ ၄ ရက်နေ့မှာ ကျောင်းသားလေးဟာ ပြန်ဖျားခဲ့ပြီး စနေနေ့ မနက်မှာ အိပ်ယာက မထတာကြောင့် စစ်ဆေးကြည့်ရာမှာ မနက်ခင်း ၃ နာရီဝန်းကျင်လောက်တည်းက အိပ်နေရင်း ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ကလေးငယ်ရဲ. နာမကျန်းဖြစ်နေမှုအအခြေအနေကို ကျောင်းဖက်က သိရှိထားခြင်း မရှိခဲ့လို အခုလို ဖြစ်ခဲ့ရတာလို့ ယူဆရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျောင်းဖက်က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ကျောင်းသားရဲ. အုပ်ထိန်းသူတွေကိုလည်း တောင်းပန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Source : Nextshark

ZawGyi

အိမ္စာ မလုပ္ခဲ့တဲ့ ေက်ာင္းသားကို ထိုင္ထ အၾကိမ္ ၁၀၀ လုပ္ခိုင္းရာမွ ေက်ာင္းသားေသဆံုး

ထိုင္းႏိုင္ငံက ေက်ာင္းတစ္ေက်ာင္းဟာ အိမ္စာမလုပ္ခဲ့တဲ့ အသက္ ၁၃ ႏွစ္အရြယ္ ေက်ာင္းသားကို ဆရာျဖစ္သူက ထိုင္ထ အၾကိမ္ ၁၀၀ လုပ္ခိုင္းရာက ေသဆံုးသြားခဲ့တာေၾကာင့္ ေတာင္းပန္ခဲ့ရပါတယ္။

ေက်ာင္းသားေလးဟာ ၾသဂတ္စ္လ ၃၁ ရက္ေန႔က ဖ်ားနာမႈေၾကာင့္ ေဆးရံုတက္ေနခဲ့ရျပီး စက္တင္ဘာလ ၂ ရက္ေန႔မွာ ေဆးရံုက ဆင္းခဲ့ပါတယ္။ ဒီေနာက္ ေက်ာင္းတက္ဖို႔သြားရာမွာ ေက်ာင္းကဆရာျဖစ္သူက အိမ္စာေတြမျပီးလို႔ဆိုျပီး ထိုင္ထ အၾကိမ္ ၁၀၀ လုပ္ခိုင္းခဲ့တာပါ။

အဲ့ဒီေနာက္ စက္တင္ဘာ ၄ ရက္ေန႔မွာ ေက်ာင္းသားေလးဟာ ျပန္ဖ်ားခဲ့ျပီး စေနေန႔ မနက္မွာ အိပ္ယာက မထတာေၾကာင့္ စစ္ေဆးၾကည့္ရာမွာ မနက္ခင္း ၃ နာရီ၀န္းက်င္ေလာက္တည္းက အိပ္ေနရင္း ကြယ္လြန္သြားတယ္လို႔ သိရပါတယ္။

ကေလးငယ္ရဲ. နာမက်န္းျဖစ္ေနမႈအအေျခအေနကို ေက်ာင္းဖက္က သိရွိထားျခင္း မရွိခဲ့လို အခုလို ျဖစ္ခဲ့ရတာလို႔ ယူဆရပါတယ္။ ဒီကိစၥနဲ႔ ပတ္သတ္ျပီး ေက်ာင္းဖက္က စံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနျပီး ေက်ာင္းသားရဲ. အုပ္ထိန္းသူေတြကိုလည္း ေတာင္းပန္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

Source : Nextshark

 

Be the first to comment

Leave a Reply

Your email address will not be published.


*