
ပိရမစ် အောက်မှ မှ လျှို့ဝှက်ဆန်းကြယ် ပြဒါးမြစ်
မက္ကဆီကို (Mexico) နိုင်ငံက မြို့ဟောင်း Teotihuacan ရဲ့ မြို့လယ်ခေါင်မှာ နှစ်ပေါင်း ၁၈၀၀ ကျော် ကြာမြင့် ပြီဖြစ်တဲ့ ပိရမစ် ပုံစံ ဘုရားကျောင်း Quetzalcoatl ရှိပါတယ်။ ဒီပိရမစ် ရဲ့ အောက်ခြေမှာ လိုဏ်ခေါင်းရှည်ကြီး တစ်ခု ရှိနေပါတယ်။ ဒီလိုဏ်ခေါင်း မဆုံးခင် မှာပဲ ပြဒါးရည်တွေ(mercury) စီးဆင်းနေတဲ့ နေရာတစ်ခု ကို ရှေးဟောင်းသုတေသန ပညာရှင်တွေ က ရှာ ဖွေ တွေ့ရှိခဲ့ကြပါတယ်။ ဒီပြဒါးရည်တွေ ဟာ ဒီနေရာမှာ ဘယ်လိုဘယ်ပုံ ရောက်ရှိ နေတယ် ဆိုတာ ကို အဖြေရှာမတွေ့ နိုင်ကြသေးပါဘူး။ ဒီပြဒါးမြစ်ရဲ့ တစ်နေရာရာ မှာတော့ ဘုရင် ဒါမှ မဟုတ် မြို့တော် ကို ကြီးစိုးခဲ့တဲ့ မှုးမတ်မျိုးနွယ်ဝင် ရဲ့ အုတ်ဂူ တစ်ခုခု ရှိနေမယ်လို့ ယူဆရပါတယ်။
မြို့ဟောင်း Teotihuacan ဟာ ၁၄၀၀ ခုနှစ်မတိုင်ခင်အထိ ကမ္ဘာ့အနောက်ခြမ်း ဒေသမှာ အကြီးဆုံး မြို့တော် တစ်ခု ဖြစ်ခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ဘုရားကျောင်းတွေ နဲ့ လူနေ အဆောက်အအုံတွေ တည်ရှိခဲ့တဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။
Leave a Reply