ကင်ဆာရောဂါဖြစ်ခါနီး အခြေအနေနဲ့ ပတ်သတ်ပြီး ဆေးစစ်ချက်ကို အသိပေးလာတဲ့ မေကဗျာ

ကင်ဆာရောဂါဖြစ်ခါနီး အခြေအနေနဲ့ ပတ်သတ်ပြီး ဆေးစစ်ချက်ကို အသိပေးလာတဲ့ မေကဗျာ

အသက်အရွယ်နဲ့မလိုက်အောင်နုပျိုနေတဲ့မင်းသမီးမေကဗျာကတော့ Single Mom လို့တောင်မထင်ရအောင်လူငယ်ဆန်တဲ့အလှပိုင်ရှင်မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။
မေကဗျာကိုဇာတ်လမ်းတွဲတွေထဲမှာလည်းသဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့တွေ့ရသလိုအခုအချိန်မှာလည်အွန်လိုင်းစာမျက်နှာတွေမှာ Live တွေမှာမြင်တွေ့နေရပါတယ်။

အနုပညာလုပ်ကိုင်ရင်းသမီးလေးနဲ့အတူအခြားစီးပွားရေးလုပ်ငန်းတွေကိုလည်းလုပ်ကိုင်နေတဲ့မေကဗျာတစ်ယောက်မကြာသေးခင်ကမှရင်သားအကျိတ်ကိုခွဲစိတ်မှုပြုလုပ်ခဲ့ရပြီးသူမရဲ့အခြေအနေကိုပရိသတ်ကို ပြောပြပေးခဲ့ပါတယ်။

ခွဲစိတ်ပြီးနောက်ပိုင်းရင်သားကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးပြီးနောက်မှာတော့ Result ကအားလုံကောင်းတယ်လို့အဖြေထွက်လာပေမယ့် 2လလောက်ဘရာမဝတ်ရဘူးဆိုတဲ့အတွက်မေကဗျာတစ်ယောက်အခက်တွေ့နေတာပဲဖြစ်ပါတယ်သူမကတော့ဆေးစစ်ချက်နဲ့ပက်သတ်ပြီး

“result အဖြေကအားလုံးကောင်းပါတယ်။ ဆရာမသမီးအလုပ်ပြန်လုပ်လို့ရပြီလားမေးတော့ရပြီအကုန်သာပြန်လုပ်တဲ့ ဒါပေမဲ့ဘရာတော့မဝတ်နဲ့ဦးတဲ့ ၂လ လောက် စမီးဘာဆက်လုပ်သင့်သလဲ “လို့ ပွင့်ပွင့်လင်းလင်းပြောပြထားတာပါ။

ဆရာဝန်ပြောတဲ့စကားကြောင့်ဘာလုပ်ရမှန်းမသိဘဲဖြစ်ခဲ့ပေမယ့်ကင်ဆာဖြစ်နိုင်ခြေမရှိတဲ့အတွက် ရင်အေးရတာတော့အမှန်ပါပဲနော်။မေကဗျာရဲ့ကျန်းမာရေးအခြေအနေစိတ်အေးရပြီဖြစ်လို့ မေကဗျာတစ်ယောက်သူ့ရဲ့ပုံမှန်အလုပ်လေးတွေကိုဆက်လက်လုပ်ကိုင်နေပြီလို့ ဆိုပါတယ်။ ရှေ့ဆက်လည်း ကျန်းမာပါစေ ။

Be the first to comment

Leave a Reply

Your email address will not be published.


*