ဂမ္ဘီရ ကြက်ခြေပါ သူများအတွက်…. ဂမ္ဘီရ ကြက်ခြေပါရင် အရာရာ ကြီးပွား ပြည့်စုံမယ်

ဂမ္ဘီရ ကြက်ခြေပါ သူများအတွက်…. ဂမ္ဘီရ ကြက်ခြေပါရင် အရာရာ ကြီးပွား ပြည့်စုံမယ်

လက်ခဏာ ပညာနှင့်ဘဝကံဆက်စပ်နေပုံ) ဂမ္ဘီရကြက်ခြေ [သို့] နာနာ ဝိဇ္ဇာသယကြက်ခြေ The Mysterious Cross sign

ဂမ္ဘီရ ကြက်ခြေ ပါသူများ အတွက်…

ဒီမနက်လဲ နံနက် (၁-၀၀)လောက် မှာနိုးလာပါတယ်။ ခါတိုင်းဆို ဘုရားကန်တော့သစ္စာပြုပြီး စာဖတ်၊ပြီးရင် တရားထိုင်ပြီးကရေးခြင်တဲ့စာရေးတင်ပါတယ်။ပြီးရင်ပြန်လှဲပါတယ် …။

ဒီမနက်ကတော့ စာမဖတ်အားဘဲ ရေးခြင်ဖော်ပြခြင်နေတဲ့ကိစ္စရပ်လေး တစ်ခု ရှိနေပါတယ် ။ဒါကတော့ ငါးပါးသီလ လုံစွာနေထိုင်နေပေမဲ့ လောကဓံဒါဏ်ကိုခံနေရတဲ့ မိတ်ဆွေများအတွက်ပါ …။

မနေ့ကတော့ ဘုရားစာတွေရွတ်ပေမဲ့ ဘဝမတိုးတက်သူတွေ အနှေvာင့်အရှက်ခံနေရသူတွေကို ပရိကံ လိုအပ်ချက် ဖြန့်ဝေပေးခဲ့ပြီးပါပြီ …။

ဒီနေ့ကတော့ ငါးပါးသီလ လုံပါလျက် မပြည့်မစုံဖြစ်နေကြရသော မိတ်တွေအတွက်ပါ။စာတွေလိုက်ဖတ်တဲ့အခါမှာ ဂမ္ဘီရ ကြက်ခြေ ပါရင် အရာရာပြည့်စုံမယ် ကြီးပွားမယ်လို့ ရေးထားတာတွေ ဖတ်ရပါတယ် …။

သုတေသနအရတဝက်မှန်တဝက်မှားပါတယ်လို့ကျွန်တော် အခိုင်အမာပြောပါမယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင်လက်ခဏာပညာရပ်ကို(၁၃)နှစ်သားကစတင်ရင်းနှီးပြီး ယနေ့အချိန်အထိ အဆက်မပြတ် သုတေသနလုပ်ခဲ့လို့ပါပဲ …။

လက္ခဏာပညာရဲ့အားသာချက်က တွက်ချက်နေစရာဘာပစ္စည်းဘာအထောက်အကူမှ မလိုဘဲလက်ကိုယူကြည့်တာနဲ့ ခြုံငုံပြော နိုင်ပါတယ်။မွေးနှစ် မွေးလ ရက်နေ့ ဘာမှမလိုပါ …။

လက်ခဏာနဲ့ အသေးစိတ် ကတော့ အတိုင်းအထွာ လိုပါတယ်။ဒါပေမဲဗေဒင်ပညာလောက် အနုမစိတ်နိုင်ပါဘူး။သယ်ဆောင်ရတဲ့ပစ္စည်းပစ္စယတာဝန်နည်းပါတယ်။မျန်ဘီလူးတစ်ချပ်ပါရင် ရပါပြီ …။

ဝန်ကျဉ်းပေမဲ့ဒီပညာလဲ မိမိမှာ အတွေ့အကြုံ ရှိသလောက် မှန်ဘီလူးကောင်းရင်ကောင်းသလောက် သိနိုင်ပြောနိုင်တဲ့ ပညာတွေအများကြီးရှိပါတယ် …။

သမထ နဲ့ပေါင်းရင်တော့ လက်ကို ကိုင်တာနဲ့အပူအအေး အရှိန်အဟုန်ရိုက်ခတ်မှု့ကြောင့် ၃၀% လောက်ပြောနိုင်နေပါပြီ …။

ရုပ်ရှင်တွေထဲမှာ လက်ခဏာဆရာ လက်ကိုင် ရင် အသားယူတယ်ဆိုတဲ့ ပြကွက်တွေ ဟာသနှော ရိုက်ထားတာတွေ့နေကြမို့လူအများကအထူးသဖြင့် (မိန်းခလေး)တွေ မနှစ်သက်ပါဘူး …။

ဒါပေမဲ့ လက်ရေစာ ကြမ်း မကြမ်းက အဓိက အချက်ပါ။ မကိုင်ဘဲ မပွတ်သပ်ဘဲမသိနိုင်ပါဘူး။နုရင်ပင်ပန်းဆင်းရဲနည်းပါတယ်။ကြမ်းရင် သူဌေးတောင် မနေနိုင်မထိုင်နိုင် ဖုန်သုတ်နေရမှနေတတ်ပါတယ် …။

လက်ရေစာကြဲရင် လဲ ပင်ပန်းပါတယ်။လက်ရေစာစိတ်ရင် သက်သာပါတယ်။ အားလုံးလဲ အခြေခံသိအောင် ထည့်ပြောနေတာပါ …။

အရောင်အသွေးမှာလဲ ပန်းရောင်ဖြစ်ရင် အေးချမ်းပြီး အနီရောင် ဆိုရင်လောဘ ဒေါသ မောဟ များလာပါပြီ ခရမ်းရောင်ဆိုရင် ပြစ်မှု့နီးစပ်နေပြီး ဖြူဖျော့နေရင်ကျန်းမာရေးကျနေတာ ဖော်ပြနေပါတယ် …။

အနီရောင်သန်းပြီး အဖြူစကတွေများနေရင် အသည်းကို ဒုက္ခပေးနေ ပါပြီ။ စာလေးမှာစိုးလို့အခြေခံသဘောတွေကိုရပ်ပါပြီ။ဂမ္ဘီရ ကြက်ခြေပါတာ ကောင်းတဲ့အမှတ်အသားဆိုတာ ထောက်ခံပါတယ် …။

ဒါပေမဲ့ ဒီဘဝမှာ လောကဓံ အတော်ခံရမဲ့သူတွေလို့ကျွန်တော် တိတိ ကျကျ ပြောပါတယ်။ သက်သက်သာသာနဲ့ ဘာတခုမှအချောင်မရပါဘူး။ တခါလုပ်ရုံနဲ့လည်း အဆင်မပြေပါဘူး။ အနည်းဆုံး ၂ ကြိမ်ကြိုးစားရသူတွေပါ …။

ဒီအမှတ်ပါထာရင်…

၁။ အများအတွက် လူပင်ပန်း စိတ်ပင်ပန်းရပါမယ်။ အကျိုးဆောင်လက်ပါ..။

၂။ အများအားကိုးခံရပါမယ်။ ပဲခူးဆားပါ..။

၃။ အိပ်မက် ထူးများမြင်မက်ပါတယ်..။

၄။ တစ်ခါမှ မရောက်ဘူ တဲ့နေရာ ရောက်သွားရင် ရင်းနှီးစွာသိနေပါတယ်..။

၅။ မသန့်တဲ့နေရာ အသုံးအဆောင် နဲ့ကြုံရင် ချက်ခြင်းစိတ်ကသိပြီး ဓါတ်ပြင်းသူတွေဆို ယားယံလာပါမယ်..။

၆။ လူတယောက်ကို ချက်ခြင်း အကဲခတ် မသိစိတ် က ပုံဖော်ပြီးလူကောင်းဟုတ် မဟုတ်ချက်ခြင်းသိပါတယ်..။

၇။ ဓါတ်ပြင်းသူများ ဆိုရင် စုန်းတတစ္ဆေ ပူးသူနားရောက်တာ နဲ့ချက်ခြင်းရောဂါပျောက်ပါတယ်..။

၈။ မွေးမြူရေးလုပ် အရင်းပြုတ် ပါတယ်..။

၉။ အကုသိုလ်အလုပ် ဘာမှ အကျိုးမပေးပါ..။

၁၀။ မီးလောင် ရေနစ် ဓါတ်လိုက် accident မျိုးစုံကြုံဘူး ပါမယ်..။

၁၁။ အိမ်ထောင်ရေးသာယာမှု့နည်းပါတယ်။ကွဲတတ်ပါတယ်။ မကွဲရင်ခွဲနေရပါမယ်..။

၁၂။ အခက်အခဲသိပ်ကြုံလာရင် နောက်ဆုံးအချိန်မှာ ကူညီသူပေါ် လာပါတယ်..။

၁၃။ အချုပ်အနှောင်ကိန်းတွေလဲကြုံရ ပါတယ်..။

၁၄။ သွားပုပ်လေလွင့်လဲ အပြောခံရပါမယ်..။

၁၅။ ဘဝနေဝင်ချိန်မှ ဥစ္စာချမ်းသာ တရားအသိ ချမ်းသာရပါတယ်..။

၁၆။ ပထမ ဒုတိယ တတိယ အရွယ်တွေမှာခံရပြီးစတုထ္ထအရွယ်မှာမှ အေးချမ်းရပါမယ်..။

ဒါကိုကောင်းတယ်ပြောမှာလားလို့မေးရင်ကောင်းတယ်လို့ ဖြေပါမယ် …။

ဒီလက်ပိုင်ရှင်ဟာ သောတာပန် အဆင့်အနည်းဆုံး ကူးပြောင်းတော့မဲ့ သူမို့ပါ..။

သံသရာပြတ်ဖို့ငါး ဘဝသာ ကျန်တော့တယ်လို့ ရှေးဟောင်း ကျမ်းတွေက ဆိုပါတယ် …။

ဒါကြောင့် ဂမ္ဘီရကြက်ခြေပါပြီး လောကဓံကြုံနေသူတွေ ကိုပြောပြခြင်တာက ဝဋ်ကြွေး အကုန်ဆပ်ရအောင် အကြွေးတောင်း ခံနေရတာပါလို့ …။

လောကဓံတွေက သင့်ကို အတိတ်အကြွေးတွေ ဆပ်ခိုင်းနေ သလို သံသရာပြတ်ခြင်အောင် တွန်းပို့နေတာပါလို့ မှာပါရစေ။စိတ်ဓါတ်မကျပါနဲ့ …။

ဘယ်တော့မှ ထမင်းမငတ်တဲ့လက်ပါ။ ကိုယ်စိတ်ကတော့အနားမရဘဲ ပင်ပန်းပါမယ်။သူများလက်ချက်နဲ့ ဘယ်တော့မှမသေပါဘူး …။

Accident ကြောင့်လဲမသေပါဘူး။တွဲလျက် အရံအသက်လမ်းကြောင်းလည်း ပါမှာပါ …။

ခွဲစိတ် ဖြတ်တောက်ကုသ ခံရမှာတော့၁၀၀% အပြည့်ပါလို့ မှာရင်းသူတော်ကောင်းလက်…..ဒါမှ မဟုတ်သူတော်ကောင်းဖြစ်တော့မဲ့လက်လို့ အာမခံ ပြောရဲပါတယ် …။

တရားထိုင်ရင်တရားထူးအမြန်ရပါမယ်။ထူးခြားသူများနဲ့ ထူးခြားဖြစ်စဉ်များကိုကြုံရမြင်ရပါမယ်။နိတ်ဗာန်ကိုမြင်နေရပါပြီ။ရောက်ဖို့အတွက် အားထုတ်ဖို့က မိမိတာဝန်ပါ …။

သူများတွေ ဝေးနေသေးတဲ့ နိတ်ဗာန်ကို မြင်နေရတဲ့လမ်းပေါ်ခြေချ မိနေမှတော့ ဘာစိတ်ညစ်စရာ လိုပါသေးလဲ …။

မြန်မြန်သွားရင်မြန်မြန်ရောက်မယ်….နှေးနှေးသွားရင် နှေးနှေးရောက်မယ်။ဒါဘဲ ကွာပါတော့တယ် …။

မိတ်ဆွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ …။ ။

စာပြီးချိန်(၄-၃၃)(ဦးဖိုးနီ)

Be the first to comment

Leave a Reply

Your email address will not be published.


*