မြိတ်ကနေ ထက်ထက်ရဲ့ Live ကိုကြည့်ပြီး သိန်း (7250) တန် အိမ် ဝယ်ယူအားပေးတဲ့ သူကြောင့် ပျော်ရွှင်နေတဲ့ ထက်ထက်မိုးဦး


နိုင်ငံကျော် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ထက်ထက်ဟာ ယနေ့ချိန်အထိလည်း သူမရဲ့ အောင်မြင်မှုတွေက ရပ်တန့်သွားခြင်းမရှိသေးဘဲ ဆထက်တိုးကာ ကျော်ကြားနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မထက်ကို အမြဲချစ်ခင် အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ ကျောက်မျက်ရတနာပစ္စည်းများကို Live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ မထက်ရဲ့ ရောင်းအားတွေကလည်း အများနဲ့မတူဘဲ သိန်းထောင်ဂဏန်းရောင်းချရတာကြောင့် အားလုံးက အံ့အားသင့်နေရတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာလဲ တန်ဖိုးကြီး အိမ်တွေကို Live လွှင့်ပြီးရောင်းခဲ့တာပဲဖြစ်ပါတယ်။

ထက်ထက်ကတော့ ဘာတွေပဲရောင်းရောင်း ထက်ထက်ရဲ့ ပရိသတ် တွေကတော့ ထက်ထက်ကိုချစ်လို့ ဝယ်ယူအားပေးခဲ့ကြပါတယ်။ ဒီနေ့မှာလဲ ထက်ထက် Live ကိုကြည့် သိန်း (7250) ကိုဝယ်ယူအားပေးခဲ့တာပဲဖြစ်ပါတယ်။ထက်ထက်ကတော့ “”စေတနာ သည်သာ ကံ” Pun Hlaing Housing ကနေ အခုပဲဖုန်းဆက်လာတာ Lotus Place (Live မှာ ထက်ဒုတိယပြတဲ့အိမ်) သိန်း 7250 အတွက် စရံချသွားပြီတဲ့။မြိတ်ကနေ Live ကိုကြည့်ပြီး ဝယ်ယူတာမို့ ထက်အရမ်းကို ပျော်ရွှင်ရပါတယ်” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*