ကမ်းခြေမှာ Pre-Wedding ဓာတ်ပုံရိုက်ရင်း အသက်သေဆုံးမလိုဖြစ်ခဲ့ရတဲ့ စုံတွဲရဲ့ မေ့ဖျောက်လို့မရနိုင်တဲ့အဖြစ် (ရုပ်သံ)

စေ့စပ်ထားတဲ့စုံတွဲတွေ ၊ လက်ထပ်တော့မဲ့စုံတွဲတွေအတွက် စိတ်လှုပ်ရှားဖို့အကောင်းဆုံးအရာက Pre-Wedding ဓာတ်ပုံတွေရိုက်ဖို့ဖြစ်ပါတယ် ။ ထို့အပြင် ယခုချိန်မှာတော့ outdoor shoots တွေကိုသာဦးစားရွေးချယ်ပြီး ဓာတ်ပုံရိုက်ကြတာမျိုးပိုများလာပါတယ် ။

သို့ပေမဲ့လည်း စုံတွဲတစ်တွဲကတော့ ၎င်းတို့ pre-wedding ဓာတ်ပုံရိုက်ခဲ့တဲ့အဖြစ်အပျက်ကိုတော့ တစ်သက်လုံး မေ့ဖျောက်ပစ်နိုင်တော့မှာမဟုတ်ပါဘူး ။ အဖြစ်အပျက်ကတော့ အဆိုပါစုံတွဲဟာ California ပြည်နယ် တောင်ဖက်ပိုင်းမှာရှိတဲ့ Treasure Island ကမ်းခြေမှာ ဓာတ်ပုံရိုက်နေရင်း ကြီးမားလွန်းတဲ့လှိုင်းလုံးကြီးက ရိုက်ခတ်လာခဲ့လို့ လှိုင်းလုံးကြီးနဲ့အတူ ပင်လယ်ထဲသို့ဆွဲခေါ်သွားခြင်းခံခဲ့ရပါတော့တယ် ။

အဆိုပါ video ထဲမှာတော့ စုံတွဲနှစ်ယောက်လုံးဟာ ကျောက်ဆောင်ပေါ်မှာ pose ပေးနေတုန်း အနောက်ဖက်ကနေ လှိုင်းလုံးကြီးရိုက်ခတ်လာနေခဲ့တာကို တွေ့ရှိရမှာပါ ။ Video ကိုတော့ Montage Hotel မှာတည်းခိုနေတဲ့ သူတစ်ဦးက ရိုက်ကူးမိခဲ့တာဖြစ်ပြီး ၊ အဆိုပါအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့တွေ့ရှိခဲ့ပြီးနောက်မှာတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်အကြောင်းကြားပေးခဲ့ကြောင်းလည်းသိရှိရပါတယ် ။

ကမ်းခြေအနီးနားမှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့များက သတို့သမီးကို ကယ်ဆယ်ရေးပိုက်လုံတွေနဲ့ ပင်လယ်ထဲကနေကယ်ထုတ်ပေးနေခဲ့တာကို video ထဲမှာတွေ့ရှိရမှာပါ ။ သတို့သားမှာတော့ ကမ်းခြေအနီးရှိ ကယ်ဆယ်ရေးသမားတစ်ဦးရဲ့ လက်မောင်းပေါ်မှာ မေ့မြောနေခဲ့တာပါ ။ ကံကောင်းထောက်မစွာနဲ့ အဆိုပါအဖြစ်အပျက်မှာ မည်သူတစ်ဦးတစ်ယောက်ကမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*