သမ္မတအိမ်တော်ဝန်ထမ်းမှာ ကိုဗစ်ပိုးတွေ့

နေပြည်တော်က အစိုးရအဆင့်မြင့်ရုံးတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ အရာရှိတစ်ဦးမှာ စက်တင်ဘာ ၉ ရက် ဒီကနေ့မနက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန က အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၉ ရက်နေ့မနက်ကထုတ်ပြန်ချက်မှာတော့ နေပြည်တော် ဇမ္မူသီရိမြိုန့ယ်အတွင်းနေထိုင်သူတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်းဖော်ပြထားပါတယ်။

ဘီဘီစီကစုံစမ်းသိရှိချက်အရ အဆိုပါပိုးတွေ့သူဟာ သမ္မတအိမ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတစ်ဦး ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဘီဘီစီက ဆက်လက် စုံစမ်းနေပါတယ်။

ဘီဘီစီမြန်မာပိုင်း

Be the first to comment

Leave a Reply

Your email address will not be published.


*