ဒေါသထွက်နေတဲ့ဆင်ရိုင်းတစ်ကောင်က အိမ်ကိုနင်းခြေဖျက်ဆီးခဲ့ပေမယ့် ကလေးငိုသံကြားပြီး ပြန်လည်ကယ်ဆယ်

အိန္ဒိယနိုင်ငံ ၊အနောက်ဘင်္ဂလားအရပ်က ရွာတစ် ရွာမှာနေထိုင်တဲ့ ဒီပက်မာဟာတို နဲ့မိန်းမ လာလီ တာ တို့ရဲ့ နေအိမ်ကို မုန်ယိုနေတဲ့ဆင်ထီး တစ်ကောင်က တိုက်ခိုက်ဖျက်ဆီးခဲ့တာပါ။ ဒါပေမဲ့ ဆင်ထီးကြီးဟာ သူတို့ရဲ့ ဆယ်လသားအရွယ် သမီးလေးကို အပျက်အစီးပုံအောက်ကနေ ပြန် လည် ကယ်ဆယ်ခဲ့တယ်လို့လင်မယားနှစ်ယောက် က ပြောကြားခဲ့ပါတယ်။

မစ္စတာ မာဟာတိုရဲ့ အိန္ဒိယတိုင်းမ် သတင်းစာကို ပြောကြားချက်အရ သူတို့မိသားစုဟာ ညရှစ်နာ ရီ လောက်မှာ ညစာစားနေတုန်း ရုတ်တရက် အိပ်ခန်းဘက်ဆီကနေ ချိုးဖျက်သံတွေကြားလိုက်ရတယ် လို့ဆိုပါတယ်။

“ ကျုပ်တို့လည်းအိမ်ထဲကနေ အတင်းထွက်ပြေးပြီး ဆင်ကြီးက ကျုပ်တို့အိမ်နံရံကို ဖြိုချနေတာ ကို ကြောင်ကြည့်နေ မိ တာပေ့ါ။ အိမ်ပြင်ရောက်တော့မှ သမီးလေးကို သတိရတော့ကျုပ်တို့ ကလေးလေးအပေါ်မှာ ဆင်ကြီးက မားမားကြီးရပ်နေတာလေ။ ဆင်ကြီးဖျက်စီးထားတဲ့ အပျက်အစီးပုံအောက်မှာ သမီးလေးက ငိုနေတာ။ ခဏနေတော့ ဆင်ကြီး ပြန်ထွက်သွားတယ်။ အဲ့မှာ သမီးလေးက ထပ်ငိုတော့တာပဲ။ သမီးလေး ငိုသံလည်းကြားရော ဆင်ကြီးက ပြန်လာပြီး နှာမောင်း နဲ့သမီးလေး အပေါ်ပိနေတဲ့ အပျက်အစီးတွေကို ဖယ်ရှားပေးတယ်ဗျ”ဒေါသထွက်နေတဲ့ဆင်ထီးကြီး က အုတ်အကျိုးအပဲ့နဲ့ကျောက်တုံး၊သစ်စ တွေကို သူတို့သမီးလေးပေါ်က တဖြည်းဖြည်း ဖယ်ရှားပေးနေပုံကို လင်မယားနှစ်ယောက် မှင်တက်ငေးမောနေခဲ့ရပါတယ်။မစ္စတာ မာဟာတိုရဲ့ သမီးလေးကို ဒေသဆေးရုံပို့ခဲ့ပြီး အပြင်ပိုင်းဒဏ်ရာတွေကို ဆရာဝန်တွေက ဂရုတစိုက် ကုသပေးပြီးနောက်၊ အခုအချိန်မှာတော့ ကလေးဟာ ပြန်လည်သက်သာသွားပြီ လို့အိန္ဒိယ တိုင်းမ် သတင်းစာ မှာ ဖော်ပြထားပါတယ်။

ဒီဒေါသထွက်နေတဲ့ ဆင်ရိုင်းကြီးဟာ မာတာဒီ၊ ကာရှီဒါး နဲ့ဂိုရှာရာ ရွာသုံးရွာက အိမ်ပေါင်း ၁၇ အိမ်ကို ဖျက်ဆီး သွားခဲ့တယ်လို့ဒေသခံရဲဝန်ထမ်း ဆမီးယားဘိုစ် က ပြောကြားသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*