
မိဘတွေ(P+)ဖြစ်လို့ ကလေးကိုတော့ မကူးနိုင်ဘူးဆိုပြီး ဟိုတယ်မှာ ခွဲထားခဲ့ကြတယ်။
တယောက်ထဲဖြစ်နေတဲ့ သုံးနှစ်မပြည့်သေးတဲ့ကလေးလေးကိုလည်း စစ်လိုက်တော့ (P+)တဲ့။
မိခင်ဆေးကုသမှုယူနေတဲ့ နေရာကိုပို့ပေးဖို့သွားခေါ်တော့ အခုမှတွေ့ရပေမဲ့
“သားရေမေမေဆီ ခေါ်သွားပေးမယ်နော်”ဆိုတော့(ဟုတ်)….တဲ့၊
ကားပေါ်တက်နော်ဆိုတော့လည်း ပြုံးပြီးတက်ရှာတယ်၊
လက်ကိုဆေးဖြန်းပေးတော့ သေချာပွတ်ရှာတယ်၊
ဟိုတယ်က ဦးဦးတွေကို နုတ်ဆက်ပါဦး ဆိုတော့လည်းလက်လေးဝှေ့ပြီး “တာ့တာ” တဲ့
မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုတောင်းပြည့်တဲ့
လိမ္မာလိုက်တဲ့ကလေးလေး
မိခင်လက်ထဲအပ်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ ပြန်လာကြရတယ်။တခါတလေတော့ ပရဟိတသမားကြီးတွေ မျက်ရည်ဝဲရတဲ့အခါလည်းရှိရပါလားလို့ပေါ့~~~~~
ကလေးရောမိခင်ပါ လျှင်မြန်စွာ ပျောက်ကင်းကြပါစေ။
P/S. …ကလေးလေးအားမိခင်ရင်ခွင်ရောက်သည်အထိ အနီးကပ်စောင့်ရှောက်ပေးခဲ့သော
ဒေါ်နိုင်နိုင်ဝင်းထိန် အားလည်း မှတ်တမ်းတင်အပ်ပါသည်။
မူရင်းပို့စ်တင်သူကို လေးစားစွာ Credit ပေးပါတယ်
Leave a Reply