
ပညာရှင်များရဲ့ ထုတ်ပြန်မှုအရ လကမ္ဘာပေါ်မှာ စိန်ရွှေရတနာ တူးဖော်ခြင်းဟာ အနာဂတ်မှာ ပြင်းထန်တဲ့ စီးပွားရေးပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ အခုအခါမှာ သိပ္ပံပညာရှင် တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပြီး လကမ္ဘာ ပေါ်မှာ
စိန်ရွှေရတနာတူးဖော်ဖို့ စီမံကိန်းတွေ စတင်နေကြပြီလို့ သိရပါတယ်။ ဒီမတိုင်ခင်ကတည်းက ဒေါက်တာ Philip Metzger က လကမ္ဘာဟာ ရတနာမုဆိုးတွေရဲ့ ဒုတိယမြောက် အခြေချစရာ နေရာဖြစ်လာလိမ့်မယ်လို့ခန့်မှန်းခဲ့တာပါ။လကမ္ဘာပေါ်မှာ စိန်နဲ့
အဖိုးတန်ဓာတ်သတ္ထုတွေ ရယူနိုင်ဖို့ရှိပြီး၊ ကမ္ဘာကျော် ဘီလျံနာကြီးတွေကပဲ ဒီရတနာတူးဖော်ခြင်းကို လက်ဝါးကြီး အုပ်သွားဖွယ်ရာ ရှိနေပါတယ်။ လက်ရှိ ကြားသိ ရတဲ့ သတင်းတွေ မှာတော့ Elon Musk ရဲ့ SpaceX အာကသာကုမ္ပဏီဟာ ဒီစီမံကိန်းကို စတင်နေပါပြီ။
နောက်ပြီး Amazon သူဌေးကြီး Jeff Bezos ကလည်း လကမ္ဘာပေါ်မှာ ရတနာ တူးဖော်နိုင်ရေးကို တခြား ကုမ္ပဏီ တွေထက် နောက်မကျစေရေး ကြိုးပမ်းဖို့ ရှိနေပါတယ်။ Jeff ရဲ့ ချမ်းသာ ကြွယ်ဝ မှုဟာ လက်ရှိ အချိန်မှာ ဒေါ်လာ (၁၈၆.၉) ဘီလီယံ ဖြစ်ပါတယ်။
Musk ရဲ့ ချမ်းသာ ကြွယ်ဝမှုကတော့ (၇၉.၄) ဘီလီယံ ဖြစ်ပြီး၊ သူတို့ကပဲ ချမ်းသာကြွယ်ဝမှုတွေကို အပြိုင်အဆိုင် လုယက်ကြဦးမှာပါ။ လက်ရှိအချိန်မှာတော့ NASA ကစေလွှတ်ထားတဲ့ ပညာရှင်တွေဟာ လကမ္ဘာဆီက ကျောက်တွေကို သယ်ယူ လာရုံနဲ့ အပြင်မှာ
ဈေးကောင်းကောင်းနဲ့ ပြန်ရောင်း နိုင်တဲ့ အနေ အထား ဖြစ်နေပါတယ်။လကမ္ဘာဆီက ကျောက်နမူနာတွေကို ကမ္ဘာမြေက ပညာရှင်တွေက ဓာတ်ခွဲစမ်းသပ်ကြတာ ဖြစ်ပြီး၊ လကမ္ဘာဆီမှာ တူးဖော်ရရှိနိုင်တဲ့ ရတနာတွေရဲ့ ဖြစ်နိုင်ချေကို တွက်စစ်ကြတာ ဖြစ်ပါတယ်။
ကျောက်တုံးတွေရဲ့ အလေးချိန်ပေါ်မူတည်ပြီး ဈေးအပြောင်းအလဲ ရှိပါတယ်။ ကျောက်တုံး ဂရမ်(၅၀) ကနေ (၅၀၀) အတွင်းရှိတယ် ဆိုပါက ပေါက်ဈေး ဒေါ်လာ (၁၅၀၀၀) ကနေ (၂၅၀၀၀) အထိ ရနိုင်ကြောင်း သိရပါတယ်။ University of Central Florida မှာ
တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Metzger က ” ဒီရာစုနှစ် အတွင်းမှာ လူသားတွေ အဖို့ ကမ္ဘာမြေရဲ့ စွဲအား ပြင်ပကနေ ရတနာတွေတူးဖော်ဖို့ အစပြုလာကြပါလိမ့်မယ် ဒါဟာ စွန့်ဦးတီထွင် စီးပွားရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတွေအကြားမှာ အကြီးမားဆုံး
ပြိုင်ဆိုင်မှု ဖြစ်လာမှာပါ ဒါဟာ ရှိရင်းစွဲသယံဇာတတွေထက် အစပေါင်းဘီလီယံချီပိုများတဲ့ လမ်းစကို ဖွင့်ပေးမှာဖြစ်ပြီး ”နောက်ပြီး ဒီပြိုင်ဆိုင်မှုဟာ ကျွန်တော်တို့ တွေ့ခဲ့ဖူးသမျှ စီးပွားရေး ပြိုင်ဆိုင်မှုတွေထဲမှာတော့ အကြီးကျယ်ဆုံး အခမ်းအနားဆုံး ဖြစ်လာမှာပါလို့ ပြောခဲ့ပါတယ်။
လောလောဆယ်တော့ Musk နဲ့ Jeff တို့ နှစ်ယောက်က လကမ္ဘာမှာ ရတနာတူးဖော်နိုင်ရေး အစီအစဉ်တွေ စတင်အကောင်အထည် ဖော်နေပြီဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံးကလည်း ဘယ်သူက အရင် ရတနာသိုက်ကြီး တွေ့မလဲဆိုတာကို အကြီးအကျယ် ပြိုင်ဆိုင်ကြဖွယ် ရှိပါတယ်။
Leave a Reply